Final Day

Words
242
Reading
2 min
Listen
Play
2y

ဒီနေ့ မနက် မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှာတော့ Copa America ဖလား တတိယလုပွဲ ယှဉ်ပြိုင်ကစား၏။ Canada vs Uruguay တို့ ပွဲစဉ် ဖြစ်၏။ ပြီးခဲ့သော Uruguay vs Colombia ဆီမီးဖိုင်နယ် ပွဲစဉ်မှာတုန်းက Uruguay ကစားသမားတွေနှင့် Colombia ပရိတ်သတ်တွေကြား အချင်းများ ရုန်းရင်းဆန်ခတ် ဖြစ်မှုလေးတွေ အနည်းငယ် ရှိခဲ့၏။ အနည်းငယ် ကြည့်ရဆိုးသွားတာမျိုးတွေ ရှိခဲ့၏။ လုံခြုံရေး အားနည်းသည်ဟု ဝေဖန်ထောက်ပြ မှုတွေလည်း ရှိနေ၏။

ခု တတိယလုပွဲကတော့ အဆင်ပြေပြေနှင့် ပြီးသွားခဲ့၏။ သာမန် ပွဲ ကစားနေချိန် အတွင်း တဖက်ကို ၂ ဂိုးစီ သရေကျနေခဲ့၏။ အချိန်ပို မကစားဘဲ ပင်နယ်တီ အဆုံးအဖြတ် ယူ၏။ ပင်နယ်တီမှာတော့ Uruguay က ၃-၄ ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ပွဲချိန် ၈ မိနစ်မှာ Uruguay တို့ ဦးဆောင်ဂိုး အရင်သွင်း၏။ ၂၂ မိနစ်နှင့် ၈၀ မိနစ်တို့မှာတော့ Canada က ချေပဂိုးနှင့် ဦးဆောင်ဂိုးတို့ သွင်းယူသွားခဲ့၏။ ပင်နယ်တီအထိ ဆက်သွားနိုင်ဖို့ အရေးပါသည့် ချေပဂိုးကို Uruguay ၏ ဝါရင့် ကစားသမား Suarez က သွင်းယူ သွားပေးခဲ့၏။

ဒီနှစ် ပြိုင်ပွဲမှာ Uruguay တို့ တတိယနှင့်သာ ကျေနပ်ခဲ့ရ၏။ Canada တို့ အနေဖြင့်လည်း မြောက်အမေရိကနှင့် တောင်အမေရိကတိုက် အသင်းတွေ ပေါင်းပြီး ကစားကြသည့် ယခုနှစ် Copa America ဖလားပြိုင်ပွဲမှာ စတုတ္ထနေရာ ရယူနိုင်ခဲ့တာကလည်း ချီးကျူးဖို့ ကောင်းသည် မဟုတ်လား။ နက်ဖြန် မနက် ၆ နာရီခွဲမှာတော့ Argentina vs Colombia တို့၏ ဗိုလ်လုပွဲစဉ် ရှိ၏။ အများကတော့ Argentina ဖလားဟု ပြောကြပေမယ့် Colombia မှာလည်း အခွင့်အရေး ရှိနေ၏။ သူတို့ကလည်း အသင်းကောင်း တသင်းမလား။ ဗိုလ်လုပွဲထိ ရောက်လာနိုင်ခဲ့သည်မို့ ခပ်ချာချာတော့ မဟုတ်ပေ။

Argentina သာ ဖလားရသွားခဲ့မယ် ဆိုရင် ကမ္ဘာဖလားရပြီးသည့် အပြင် Copa America ဖလားကိုပါ ထပ်မံပိုင်ဆိုင်ခွင့် ရမည် ဖြစ်၏။ Goat ကြီး Messi အတွက်တော့ ပျော်စရာပင်။ ဒါက သူ့ရဲ့ နောက်ဆုံး နိုင်ငံတကာ ပြိုင်ပွဲလည်း ဖြစ်သွားနိုင်သည် မဟုတ်လား။ နောက်ဆုံးဖလား အဖြစ် ရယူသွားနိုင်မလားကတော့ မကြာခင် သိရပေတော့မည်။ Messi အတွက် ပျော်ရွှင် ဝမ်းသာရပေမယ့် နောက်ထပ် Goat တယောက် ဖြစ်သည့် Ronaldo အတွက်တော့ စိတ်မကောင်းပေ။ Messi လို ဖလားမျှော်လင့်ခွင့်မရခဲ့ဘဲ Euro ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ကနေပဲ ထွက်ခွာခဲ့ရသည် မဟုတ်လား။

နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ Spain vs England တို့၏ Euro 2024 ဗိုလ်လုပွဲစဉ်လည်း ရှိနေခဲ့၏။ ဗိုလ်လုပွဲ နှစ်ပွဲကို နာရီပိုင်းတွေသာ ခြားပြီး ကြည့်ရှု အားပေးခွင့် ရမည် ဖြစ်၏။ ခြေစွမ်းအားဖြင့် စပိန်ကို ပိုပြီး သဘောကျမိပေမယ့် ကံတရား ဖေးမမှု ရှိနေ၊ ရနေသည့် England အသင်းကိုလည်း မေ့ထားလို့ မရသေးပြန်ပေ။ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေ နှင့်အတူ ပွဲကောင်း တပွဲ ဖြစ်ဖို့တော့ မျှော်လင့်ပါရဲ့။ အင်း Super Sunday မှာ အထူး အိပ်ရေးပျက်ရ ပေလိမ့်ဦးမည်။

_(photos from Euro & Copa America Facebook pages)

Final Day | Ecency