ဒီနှစ် European ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲမှာ England အသင်းတွေ တက်ရောက်ထားနိုင်ခဲ့ပါတယ်။ Aston Villa က Europa League နဲ့ Crystal Palace က Conference League Final တွေကို တက်ရောက်နိုင်ခဲ့တဲ့အပြင် ဗိုလ်လည်း စွဲခဲ့ပါတယ်။ Aston Villa အတွက်ဆို နှစ်ပေါင်း ၄၄ နှစ်ကြာမှာ ပြန်လည်ရယူနိုင်ခဲ့တဲ့ European ဖလားလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၁၉၈၁/၈၂ တုန်းက သူတို့တွေ UCL ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ UEL ချန်ပီယံ ဖြစ်ခဲ့ပါပြီ။
Crystal Palace အနေဖြင့်လည်း အသင်းသမိုင်းတလျောက် ပထမဆုံး European ဖလား ၁ လုံးကို ပိုင်ဆိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မနှစ်က Europa League ဝင်ရောက် ကစားခွင့်ရပေမဲ့ Crystal Palace အသင်းပိုင်ရှင်က ပြင်သစ် ကလပ် Lyon အသင်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ European ပြိုင်ပွဲမှာ အသင်း ပိုင်ရှင် တယောက်ထဲရဲ့ အသင်း ၂ သင်း ယှဉ်ပြိုင်ကစားခွင့် မရှိဘူးဆိုသဖြင့် Crystal Palace တို့က နောက်ဆုတ်ပေးခဲ့ရပါတယ်။
Europa League ကစားခွင့် အစား Conference League သို့သာ သူတို့ ဆင်းပြီး ကစားခဲ့ရပါတယ်။ သူတို့အစား Nottm Forest က Europa League ဝင်ရောက် ကစားခွင့် ရသွားခဲ့ပါတယ်။ ပိုင်ရှင် တဦးထဲမို့ ၂ သင်းထဲက ၁ သင်းသာ ကစားရမှာမို့ Lyon ကို ရွေးချယ်လိုက်ကာမှ Lyon က Round of 16 အဆင့်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။
ပိုင်ရှင်တူနေပါတယ်ဆိုပြီး တိုင်ခဲ့တဲ့ Nottm Forest အနေဖြင့် Conference League အစား Europa League ကစားခွင့် ရခဲ့ပေမဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ Aston Villa အသင်းကို ရှုံးနိမ့်သွားခဲ့ရပါတယ်။ ကိုယ့်ကို နဂိုအတိုင်း Conference League မှာသာ ကန်နေရင် ဗိုလ်စွဲရင် စွဲနေဦးမှာဆိုပြီး အချို့က ပြောနေကြပါသေးတယ်။
ဗိုလ်လုပွဲရောက် England အသင်းတွေထဲမှာ ၂ သင်းကတော့ ဗိုလ်စွဲခဲ့ပြီမို့ UCL မှာ Arsenal ကပါ ဗိုလ်စွဲသွားမလားပေါ့။ ဒါဆိုရင်တော့ European ပြိုင်ပွဲစုံမှာ England ကလပ်အသင်းတွေ အားလုံး ချန်ပီယံ ဖြစ်တဲ့ နှစ်တနှစ် ဖြစ်လာခဲ့တော့မှာပါ။
(photos from Europa League Page)