မနက်ခင်း မုန့်ဟင်းခါး

Words
86
Reading
1 min
Listen
Play
4y

မဂ်လာပါ HIVE-MYANMAR အဖွဲ့သားတို့ရေ

ဒီနေ့ မနက် အိမ်မှာ မုန့်ဟင်းခါး လုပ်စား ဖြစ်တယ်။ လုပ်စား ဖြစ်တဲ့ အကြောင်းက အိမ်က အဖိုး မုန့်ဟင်းခါး စားချင်တယ် ပြောလို့ အမေက ချက်ပေးသာပါ။ အမေ့လက်ရာ မုန့်ဟင်းခါးက အစ ဘယ်ဟင်းချက်ချက် ကျနော့် အတွက်တော့ နတ်သုတ်သာ ပါပဲ။ မုန့်ဟင်းခါး ကို အဖိုးအကြိုက် ငါးပြုတ် နဲ့ ပါပဲ။ ငှက်ပျော်ပင် မပါ။ အဖိုး က ငှက်ပျော်ပင်နဲ့ ဆို ချောင်းဆိုး တက်လို့ ငှက်ပျော်ပင် နဲ့ မချက်သာပါ။ ကျနော် ကလည်း မုန့်ဟင်းခါး ဆ်ို ဘယ်အချိန် ကျွေးကျွေး စားပါတယ်။ ဘယ်လိုပြောရမလည်း တေယ်တော်ကြိုက်ပေါ့ဗျာ့။

ကျနော် မုန့်ဟင်းခါး တစ်ပွဲ ထည့်ပုံတွေ ပုံနှင့်တကွ အောက်မှာ ဖော်ပြထားပါတယ်။

တစ်ပန်းကန်ကို ၂၀သားလောက်ရှိပါတယ်။

ပဲတောက်ထည့်ပါတယ်။


ဇီယာ ခေါ် ပူစီနံ ထည့်ပါတယ်။


ကြက်သွန်ဖြူ ဆီချက် ထည့်ပါတယ်။

ပဲကြော် ထည့်ပါ တယ်။

ကြက်သွန်နီ ဥပြုတ်များ ငါးဖက်များများ ထည့်ပါတယ်။

အဲ့သာ ကျနော် စားတဲ့ တစ်ပန်းကန်စာ လေးပါ။

ကြည့်မိလို့ စားချက်စိတ်ဖြစ်လာရင် စောတီးပါ။

aein.shwin.lann@aein.shwin.lann

မနက်ခင်း မုန့်ဟင်းခါး | Ecency