Endless Unicode (Chapter 1)

t5n9axz4v5.jpg

မနေ့ညက ယူနီကုတ်ခဏပြောင်းပြီး သုံးကြည့်၏။ သုံးနေကြ မဟုတ်သေးတော့ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေ၏။ ကျနော့် ph က meizu Mx6 ဖြစ်၏။ A version ဖြစ်ပါက root permission on စရာမလိုဘဲ ယူနီကုတ်သို့ ပြောင်းလို့ ရ၏။ သို့ပေမယ့် ph ကို reboot သို့မဟုတ် ပိတ်ပြီးမှ ပြန်ဖွင့်ပါက နဂို ဖောင့် ပြန် ဖြစ်သွား၏။ နောက်တခါ ပြန်ပြောင်းမှ ရ၏။ နည်းနည်းတော့ အလုပ်ရှုပ်၏။ အကောင်းဆုံး နည်းကတော့ root permission on ပြီး app ကနေ ပြောင်းလျှင်တော့ တပါတည်း အသေရသွားမည် ဖြစ်၏။ ပါဝါပိတ်လိုက်လျှင် သော်လည်းကောင်း၊ reboot လုပ်လျှင်သော် လည်းကောင်း မပျောက်သွားတော့ပေ။

ထိုနည်းနှင့်တော့ မလုပ်ချင်သေးပေ။ Flyme 8 update က မကြာခင် ရမည် ဖြစ်၏။ ယခု အချိန်မှာ public beta ပေးနေပြီ ဖြစ်၏။ stable ပေးဖို့က အချိန် အနည်းငယ် စောင့်ရမည် ဖြစ်၏။ ထို update ကို စောင့်နေခြင်း ဖြစ်၏။ update တင်ပြီးမှပဲ ယူနီကုတ် သုံးချင်ပါက root permission on ပြီး ပြောင်းသုံးတော့မည်။ ထိုသို့ မဟုတ်ဘဲ flyme update မှာ ယူနီကုတ် ကိုပါ support ပေးလာလျှင်တော့ အတိုင်းထက် အလွန်ပေါ့။ မြန်မာနိုင်ငံရှိ meizu သုံးစွဲသူ အချို့ကလည်း meizu company သို့ အီမေးမှ တဆင့် စာများ ရေးသား ပေးပို့ ကြ၏။ ယခု update မှာ ယူနီကုတ် ထည့်သွင်းလာပေးဖို့ကိုပေါ့။

mgy6jv2i33.jpg

အမှန်တော့ အခြား phone များမှာက ယူနီကုတ်ကို support ပေးထားပြီးသား ဖြစ်၏။ meizu မှာလည်း ယခင်တုန်းကတော့ ထိုသို့ ဖြစ်မည် ထင်၏။ သို့ပေမယ့် ထိုစဉ်က တနိုင်ငံလုံး ဇော်ဂျီနေချိန် ဖြစ်သဖြင့် နောက်ပိုင်း မြန်မာနိုင်ငံကို တင်သွင်းသည့် phone အများစုမှာ ယူနီအစား ဇော်ဂျီကို ပြောင်းလဲ ထည့်သွင်းလာပေး၏။ ယူနီကုတ်သာ ပါသည့် phone များကိုလည်း ဒီရောက်က root ဖောက်ပြီး ဇော်ဂျီသို့ ပြောင်းကြ၏။ ဇော်ဂျီက ထိုစဉ်က ထိုမျှထိ တန်ခိုးထွားခဲ့၏။

သို့ပေမယ့် လူတော်တော်များများ နားမလည်တာက ဇော်ဂျီ မရလို့၊ ဇော်ဂျီ တခုထဲကြောင့် root ဖောက်ကြသည် ထင်နေခြင်း ဖြစ်၏။ root ဖောက်ခြင်းသည် မြန်မာစာ တခုထဲ အတွက် မဟုတ်ပေ။ အခြားသော အရာများ အခြားသော ကိစ္စရပ်တွေပါ ပါဝင်၏။ ဥပမာ system ပိုင်းအရ ပြင်ဆင်ခွင့် မပေးထားသည့် အရာများကို ပြင်ဆင်လိုခြင်း၊ official firmware မဟုတ်သည့် custom firmware များကို ပြောင်းလဲ တင်လိုခြင်း အစရှိသဖြင့် အခြားအခြားသော ကိစ္စရပ်များအတွက် root ဖောက်ကြခြင်း ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

H2
H3
H4
3 columns
2 columns
1 column
Join the conversation now