Who will Finalist

Words
168
Reading
1 min
Listen
Play
2M

နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာတော့ France vs Spain တို့၏ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ရောက် ၄ သင်းလုံး ဗိုလ်စွဲဖို့ ရေပန်းစားသည့် အသင်းတွေဟု ပြောလို့ရ၏။ France ကိုတော့ တဦးထဲ အမြင်အရ ပို၍ သဘောကျမိ၏။ ရှေ့လယ်နောက် အတော်လည်းမျှ၏။ တိုက်စစ်ပိုင်းက သိသိသာသာကို ကောင်း၏။

Spain ကွင်းလယ်ကလည်း မာကျော ကျစ်လစ်၏။ သားသားလေး လမင်း Lamine Yamal သာ ခြေစွမ်းပြနိုင်ရင် Spain အသင်း ပို၍ အလုပ် ဖြစ်ပေလိမ့်မည်။ သူ ဘာလုပ်ရမယ်မှန်း မသိချိန်ဆိုရင်တော့ အသင်းအဖို့ အနည်းနဲ့အများ အခက်တွေ့နိုင်၏။ ထိုသို့ ဆိုလို့ Spain က ဒီ လူငယ် ကစားသမားလေးကို မှီခိုနေရသည်ဟု မဆိုလိုပေ။ စတားပလေယာမို့ လူအများ၏ အာရုံစိုက်မှုကို ပို၍ ခံရခြင်း ဖြစ်၏။

တိုက်စစ်ပိုင်း အားကောင်းသည့် France ကို တားဆီးနိုင်ဖို့ Spain တို့ ကြိုတင် အဖြေရှာထားဖို့ လိုမည် ဖြစ်၏။ ပြီးခဲ့သော ကမ္ဘာ့ဖလားက ဗိုလ်လုပွဲ ရောက်နိုင်ခဲ့သည့် France ထက် စာရင် ယခု တိုက်စစ် အစုအဖွဲ့က ပိုပြီး အားကောင်းနေသည်ဟုလည်း ခံစားမိနေ၏။ France တိုက်စစ်ကို ဟန့်တားနိုင်ဖို့ Rodri တို့ တသိုက် အလုပ်ပို၍ လုပ်ရပေလိမ့်မည်။

အုပ်စုတွင်း ပွဲစဉ် အချို့ကြောင့် Spain တို့ ‌အတော်လေး ဝေဖန်ခံခဲ့ရသေး၏။ သို့ပေမဲ့ အဆိုပါ Cape Verde အသင်းကပဲ Argentina ကို အခက်တွေ့အောင် ကစားပြထားနိုင်သဖြင့် အသံတွေ တိတ်သွားခဲ့၏။ အစွယ်ရှိသည့် Cape Verde မလား။ Spain အနေဖြင့် ၁၆ သင်းအဆင့်မှာ Portugal နှင့် ကွာတားဖိုင်နယ်မှာ Belgium တို့ကို ဖြတ်ကျော်ခဲ့၏။

France အနေဖြင့် ၁၆ သင်း အဆင့်မှာ Paraguay နှင့် ကွာတားဖိုင်နယ်အဆင့်မှာ Morocco တို့ကို ဖြတ်ကျော်ခဲ့၏။ ၂ သင်းလုံးက ပြိုင်ဘက်ကောင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။ ဒါကြောင့်ပဲ ဆီမီးဖိုင်နယ် ရောက်လာသည် မဟုတ်လား။ ဘယ်အသင်း ဗိုလ်လုပွဲ တက်မလဲကတော့ ပြောရခက်၏။ ပိုကောင်းသည့် အသင်းထက် အမှားနည်းတဲ့အသင်း နောက်တဆင့်တက်မယ်လို့ ထင်မြင်မိပါ၏။

(photos from FIFA World Cup page)

Who will Finalist | Ecency