Snapdragon or Bionic A_15

မနေ့က တင်‌ထားပေးသည့် Bionic A_15 script အပြင် နောက်ထပ် Tweak script လေးလည်း ရှိသေး၏။ သူကတော့ Termux ကနေ လုပ်ခြင်း မဟုတ်ပေ။ GL tool ဆိုသည့် App လေးကို သုံးပြီး လုပ်ခြင်း ဖြစ်၏။ ဒီ script ကလည်း မနေ့က script လိုပဲ root မပါလည်း သုံးလို့၊ လုပ်လို့ရ၏။ Root ရှိရင်တော့ ပိုကောင်း၏။ ဒါပေမယ့် ကျနော်က GL tool ကို သူ ပေးထားတဲ့ link ထဲက တခုကို မသုံးဘဲ official website ကနေ သွား download ချပြီး သုံး၏။ အဲ့မှာ premium ကိစ္စ ပါလာတော့၏။

App က တကယ် မိုက်၏။ Free နဲ့ Premium ဆိုပြီး ရှိ၏။ Free သမားကတော့ ကြေငြာကြည့်ပြီး coin တွေ စုထားဖို့ လို၏။ အဆိုပါ coin ကို သုံးပြီး GL tool ကနေတဆင့် မိမိ ကစားလိုသည့် ဂိမ်းကို ဝင်ကစားခြင်း ဖြစ်၏။ Premium ဆိုရင်တော့ ဘာ ကြေငြာမှ ကြည့်ပြီး coin စုနေစရာ မလိုပေ။ fee တော့ ပေးရမည်။ GL tool ထဲ ဝင်ပြီး မိမိ ကစားမည့် ဂိမ်းကို configure အရင်ချထားရ၏။ မိမိ phone ထက် မြင့်သည့် phone တွေ၏ cpu, ram တွေသို့ tweak လုပ်ပြီး ကစားနိုင်၏။ Build in ပါသည့် script တွေကလည်း မဆိုးပေ။ အဆင်ပြေ၏။

GL tool မှာ တခု မိုက်တာက ဒီ feature က မိမိ phone နဲ့ ကိုက်မကိုက်၊ အဆင်ပြေပြေ သုံးရ မရကိုပါ ပြထားပေး၏။ Compatible, Performance, Dangerous အစရှိသဖြင့် ပြထားပေး၏။ Dangerous လို့ ပြထားသည့် feature, function မျိုးဆိုရင်တော့ enable မလုပ်သင့်၊ မသုံးသင့်ပေ။ ထိုအချက်လေးကတော့ GL tool ကို သဘောကျမိ၏။ ဟို Developer ချထားပေးသည့် GL tool app ကိုတော့ မစမ်းကြည့်မိပေ။ သူ့ link zip file ထဲမှာ script file, GL tool & Activity Launcher လေး တခု ပါ၏။ Activity Launcher က GL tool ကို ဝင်ဖို့ အတွက် သုံးခြင်း ဖြစ်၏။

Script file ကတော့ နှစ်ခု ဖြစ်၏။ iOS Bionic A_15 နဲ့ Snapdragon 888 ဆိုပြီး ဖြစ်၏။ ကြိုက်ရာသုံးပေါ့။ Model အနိမ့် Phone အဟောင်းတွေအတွက် စမ်းသပ်လို့ ရတာပေါ့။ အဆိုပါ YouTuber ၏ video အောက်မှာတော့ အလုပ်ဖြစ်တယ်။ အဆင်ပြေတယ် မန့်ထား ပြောထားသူတွေ အများကြီး တွေ့ရ၏။ ကျနော် သုံးကြည့်တော့လည်း အဲ့လိုတော့ ခံစားရ၏။

တကယ်တမ်းက ဒီ script ကို အရင် သုံးကြည့်ပြီးမှ ပြန် ဖြုတ်လိုက်ပြီး Termux ကနေ script ရေးသည့် နည်းလမ်းကို သုံးလိုက်ခြင်း ဖြစ်၏။ GL tool ကို root ရတာနဲ့ပဲ သုံးကြည့်ချင်တာရယ်၊ Premium code ရှာမရ၊ မဝယ်နိုင်တာရယ်၊ ကြေငြာကြည့်ပြီး coin စုနေရမှာတွေကြောင့် GL tool နည်းလမ်းကို မသုံးတော့ဘဲ Termux နည်းလမ်းကို သုံးလိုက်ခြင်း ဖြစ်၏။

မိတ်တွေ‌တို့ အနေဖြင့် မိမိနဲ့ အဆင်ပြေသည့် နည်းလမ်းကို သုံးကြည့်နိုင်ပါတယ်။ Root မရှိလည်း ရတယ်ဆိုတော့လေ။ စမ်းကြည့်ဖြစ်ရင်လည်း အဆင်ပြေ၊ မပြေကို ပြောပြသွားပေးကြပါဦး။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now