Android Tweak

Words
196
Reading
1 min
Listen
Play
2y

ဒီနေ့တော့ မကလိဖြစ်တာ ကြာနေသည့် Android tweak လေးတွေဘက် လှည့်ဖြစ်၏။ High End နဲ့ Up to Date phone တွေ မကိုင်နိုင်သေးတော့ လည်း ခုလို ရှာကြံရတာပေါ့လေ။ ပြောသာ ပြောတာပါလေ။ ဝယ်နိုင်ခဲ့ရင်တောင် Mid range ထဲကလောက်ပဲ ဝယ်ပြီး ကလိ ဖြစ်နေဦးမှာပါ။ တကယ်က ဝယ်နိုင်တာ မဝယ်နိုင်တာထက် ကလိချင်တာက အဓိက ဖြစ်နေခဲ့တာကိုး။ ကလိနေရမှ ပျော်သူမို့ပါ။

ဒီနေ့ tweak လေးကတော့ Root မလုပ်ထားသူတွေလည်း သုံးလို့ရပါတယ်။ Termux ကနေ တဆင့် script file လေး run ပြီး မိမိရဲ့ phone ကို ဂိမ်းကစားချိန်မှာ ပိုပြီး အဆင်ပြေ ချောမွေ့ မြန်ဆန်အောင် လုပ်တာပါ။ iPhone Bionic A_15 ရဲ့ script file ကို မိမိ Phone မှာ သွင်းခြင်း ဖြစ်ပါတယ်။ ဒီ script က မိတ်ဆွေရဲ့ Android phone ကို iPhone အဖြစ် ပြောင်းသွားစေမှာ မဟုတ်ပါဘူး။ ဂိမ်းဆော့ကစားချိန်မှာ ပိုပြီး performance ကောင်း၊ ပိုမို သွက်လက်စေတာမျိုးလောက်ပဲ ဖြစ်စေမှာပါ။

တကယ်တမ်း iPhone လိုမျိုး စွမ်းဆောင်ရည် ရချင်ရင်တော့ iPhone ပဲ ဝယ်မှ ရပါလိမ့်မယ်။ ဒါလေးကိုတော့ သိထားဖို့ လိုပါမယ်။ ဒီ script ရဲ့ သဘောက မိမိ ဆော့ကစားချင်တဲ့ ဂိမ်းရဲ့ Data file ထဲမှာ မိမိ ထည့်သွင်းချင်တဲ့ setting, feature တွေကို ထပ်ပေါင်း ထည့်လိုက်တဲ့ သဘောမျိုးပါ။ Termux ကနေ script သွင်းပုံ တဆင့်ချင်းစီကိုလည်း video မှာ ကြည့်နိုင်ပါတယ်။ Video ကိုပါ တပါတည်း တင်ပေးလိုက်ပါ့မယ်။ စမ်းကြည့်ချင်သူတွေ စမ်းကြည့်နိုင်ပါတယ်။

ကျနော် run ကြည့်တာတော့ ရပါတယ်။ ဂိမ်းဆော့ရတာ ဘယ်လိုနေသွားလဲ ဆိုရင် ယခင်ထက်တော့ ပိုကောင်း၊ ပိုသွက်လာတယ် ထင်တာပဲ။ စိတ်နဲ့လည်း ဆိုင်မယ် ထင်တာပဲ။ ငါ A_15 Bionic script ကြီး သွင်းထားပြီး ဒီဂိမ်းကို ကစားနေရတာပါလားပေါ့လေ။ Script က ဂိမ်းကို A_15 Bionic ပေါ်မှာ run နေတယ် ထင်ရအောင် လှည့်စားပေးထားတဲ့ သဘောပါပဲ။ အပြင်မှာ ဆင်းရဲပေမယ့် ရုပ်ရှင်ထဲမှာတော့ သူဌေးခန်းနေရာမှာ သရုပ်ဆောင်ရတဲ့ သဘောမျိုးပေါ့။

Termux ကနေ script ကို run နေတုန်းက screenshot ယူထားဖို့ မေ့သွားလို့ screenshot ပုံတွေတော့ မတင်ပေးလိုက်နိုင်တာကိုလည်း တပါတည်း တောင်းပန်ပါရစေ။ Tweak တွေ ကလိရတာ ကြိုက်ရင်တော့ စမ်းကြည့်နိုင်ပါတယ်။


(here guide video from Zexpo)

Android Tweak | Ecency