Android 12 (Chapter 2)

fb_img_1638790212152.jpg

ဒီနေရာမှာ Custom rom ကို official နဲ့ unofficial ဆိုပြီး ခွဲပြောနေတာ အကြောင်းရှိ၏။ ဒီလိုပါ အချို့ custom rom တွေက သက်ဆိုင်ရာ devices တွေ အတွက် official ထုတ်ပေးထားပါတယ်။ unofficial ကကြတော့ developer တဦးဦးက firmware source ကို ယူပြီးတော့မှာ အဆိုပါ custom rom team က တရားဝင်ထုတ်ပေးတဲ့ ထဲမှာ မပါတဲ့ ph အတွက် သူ့သူ firmware (rom) ရေးထားတာ ဖြစ်ပါတယ်။

official custom rom တွေက build in rom တွေလိုပဲ ota update ရပါတယ်။ build in rom တွေလိုပဲ သူတို့က လည်း တိုက်ရိုက် update တင်လို့ရပါတယ်။ unofficial custom rom တွေကတော့ ota update မရပါဘူး။ သူ့ကို update တင်ချင်ရင်တော့ official တွေလို တိုက်ရိုက် တင်လို့ မရဘဲ recovery ကနေ တဆင့် တင်ရပါတယ်။ အဲ့ဒီအချက်လွဲရင် သုံးရတာက official, unofficial ဘာမှ မကွာပါဘူး။

Dot os က တကယ် သုံးလို့ ကောင်းပါတယ်။ တခုပဲ finger lock flick ဖြစ်တာလေး တခုနဲ့ တခါတလေ တချက်တချက် lag တာလေး လောက်ပါပဲ။ ကျန်တဲ့ performance ပိုင်းမှာတော့ အတော်ကြီးကို မိုက်ပါတယ်။ miui ထက်ကို ပိုပြီး ကြိုက်ပါတယ်။ Android 11 ပဲ ဖြစ်ပေမယ့် Dot os မှာ Android 12 features အချို့ ပါနေပါသေးတယ်။ Dot os မှာ update (version) 3 ခုလောက် သုံးကြည့်ပြီးနောက်မှာတော့ rom ပြောင်းချင် လာပြန်ပါတယ်။

img_0.6727874666798799.jpg

အမှန်တော့ ph လဲ ချင်တာပါ။ ဒီကာလကြီး ချွေတာဖို့ လိုတာရယ်၊ လက်ရှိ ph ကလည်း အဆင်ပြေနေသေးလို့ rom လောက်ပဲ ချိန်းဖို့ တွေးထားလိုက်ပါတယ်။ လက်ရှိ သုံးနေတဲ့ Dot os ရေးတဲ့ developer က Dot os update အသစ် ထပ် မရေးတော့ပါဘူး။ official dot os က Android 12 ထွက်နေပါပြီ။ ကျနော့် ph အမျိုးအစား အတွက် Android 12 dot os unofficial rom က မရှိ မရနိုင်တော့ပါဘူး။ ဒါနဲ့ပဲ တခြား custom rom တွေ လိုက်ရှာ ရပါတော့တယ်။

ဒါတောင် တင်သင့် မတင်သင့်က စဥ်းစား နေရသေးတယ်။ တခြား မဟုတ်ဘူး Data တွေ သိမ်းရ ပြုရ backup လုပ်ရ restore ပြန်လုပ်ရတာကြီးက အချိန်ကုန်သား၊ စိတ်ကလည်း ရှုပ်ရသေးတယ်။ ဒါပေမယ့် ကိုယ်က update လုပ်ချင်တော့လည်း အလုပ်ရှုပ် ခံရုံပေါ့။ ဒါတောင် ကျနော်က ph ထဲမှာ data တွေ သိပ်မထားဘူးရယ်။ cloud တွေ ပေါ်မှာပဲ သိမ်းတာ များတော့ Account တွေ မှတ်မိရင် ရပြီ။ သို့နှင့် သင့်တော်မည့် custom rom ရှာပုံတော် ဖွင့်ရလေတော့၏။

ဆက်ရန်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center