ထမင်းသုပ်

Words
165
Reading
1 min
9y
Listen to this post
~1 min

ဟင်းချက်စားရတာလည်း တနေ့ တနေ့ ဟင်းထပ်တော့မယ် မနေ့ ကလဲ မှိုနဲ့ကန်စွန်းရွက်ကြော်စားထားတော့ ဒီနေ့ လဲနဲနဲပျင်းလာပါတယ် ချက်ရမှာ မစဉ်းစားချင်တော့လို့  အိမ်မှာရှိတဲ့ ဆီချက်နဲ့ ထမင်းသုပ်လေးဘဲလုပ်စားတော့မယ် စိတ်ကူးမိပါတယ်

ထမင်းသုပ်ရာမှာ တနေရာနဲ့တနေရာ တမြို့နဲ့တမြို့ မတူကြဘဲ အမျိုးမျိုး ကွဲပြားကြပါတယ် ထမင်းချက်ရာမှာ ဒန်ပေါက်ဆိုးဆေးအနည်းငယ်ထည့်ချက်ပြီး ထမင်းအနီရောင်ဖျော့ဖျော့ လေးကို တမျိုး ချက်၍လည်းကောင်း ထမင်းအဖြူ ကိုချက်၍လည်းကောင်း အစာဗလာထည့်၍ သုပ်ကြပါတယ်

ထမင်းသုပ်ရန် လိုအပ်သောပစ္စည်းများကတော့

ဆန် နို့ ဆီဗူး တလုံး

ဆီ ၅ကျပ်သားခန့် 

ဆား ဟင်းခတ်အချိုမှုန့် 

မြေပဲဆံကြော် အနည်းငယ်

မုန်လာထုတ် တထုတ်

ကြက်သွန်ဖြူ ဥကြီးတဥ

ပူစီနံပင် အနည်းငယ်

ဆနွင်းအနည်းငယ်

ငရုပ်သီးအတောင့်ကြော် အနည်းငယ်

ပဲပုပ်အနည်းငယ် တို့ ဖြစ်ပါတယ်ရှင်

ဆန်နို့ ဆီဗူးတလုံးကို အရောင်ဖြင့် စားလိုပါက ဒန်ပေါက်ဆိုးဆေးအနည်းငယ်ထည့်၍ ချက်ပါ အရောင်ဖြင့်မစားချင်ပါက ဒီတိုင်းထမင်းအဖြူ ချက်ပါ

မြေပဲဆံကြော်ကို ငရုပ်ဆုံတွင်ထောင်းပါ ပဲပုပ်ကိုလည်း ကင်ပြီး ငရုပ်ဆုံတွင်ထောင်းပါ ငရုပ်သီးကြော်တောင့်ကိုတော့ ထောင်းပြီးထည့်လျှင်ရသလို အတောင့်လိုက်လည်းစားလို့ ရပါတယ်

image

ကြက်သွန်ဥကြီးကို အခွံနွှာ၍ ပါးပါးလှီးထားပါ

မုန်လာထုတ်ကိုလဲ ပါးပါးလှီးထားပါ

ဒယ်အိုးတွင်ဆီကျက်အောင်ထည့်ပါ ဆီကျက်လျှင် ပါးပါးလှီးထားသော ကြက်သွန်ဖြူများကို ထည့်ကြော်ပါ ကြက်သွန်ဖြူ အကွင်းလေးများခပ်ကျွတ်ကျွတ်ရလျှင်ဆယ်ပြီး ဆီပူထဲသို့  ဆနွင်းအနည်းငယ်ထည့်၍ ဆီဝါဝါလေးဖြစ်အောင် ဆီချက်ပြုလုပ်ပါ

ထမင်းကို မိမိစားလိုသလောက် ခူးပါ
ထောင်းထားသော မြေပဲ နှင့် ပဲပုပ် ထမင်းစားဇွန်းတဇွန်းစီထည့်ပါ
ဆား နှင့် ဟင်းခတ်အချို မှုန့် အနည်းငယ်ထည့်ပါ
ဆီချက်အနည်းငယ်ဆမ်းပါ
ကြက်သွန်ဖြူ အကွင်းကြော်အနည်းငယ်ထည့်ပါ
အားလုံးနယ်ပြီး အရသာမြည့်ကြည့်ပါ
လိုတာထပ်ဖြည့်ပြီးလျှင်တော့ ထမင်းသုပ် ရပါပြီရှင်

ထမင်းသုပ်ကို ပူစီနံပင်နှင့် တွဲစားလျှင် အရသာအလွန်ရှိပြီး လိုက်ဖက်သောအစားအစားတခုဖြစ်ပါတယ် ငရုပ်သီးကြိုက်ပါက ထောင်းထားသောအမှုန့် ဖြစ်စေ အတောင့်လိုက်ဖြစ်စေ စားသုံးနိုင်ပါသည်

image

ကဲ ထမင်းသုပ်နည်းတော့ ရေးပြပြီးပါပြီရှင်
နောက်ထပ် အကြော်မျိုးး စုံဖြင့်လည်းကောင်း မိမိနှစ်သက်ရာ ကြက်သားကြော် ဝက်သားကြော် ဆိတ်သားကြော် ဝက်အူချောင်း ကြက်အူချောင်း အမျိုးမျိုးကိုလည်း ထမင်းသုပ်နှင့် တွဲစား ကြပါသေးတယ် သူငယ်ချင်းတို့  စားချင်သလိုတွဲစားပေါ့

steemit friends များ မင်္ဂလာပါရှင်
ကျမချက်ပြုတ် ကြော်လှော်ရေးတင်သော နည်းလေးတွေအားလုံးကို ဖတ်ရှု့ ဝေဖန်ပေးလို့ လဲ ကျေးဇူးအထူးတင်ပါတယ်ရှင် steemit မှာ အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်ရှင်

thetlyar@thetlyar

MSC - 027

ထမင်းသုပ် | Ecency