ပန်းခင်းသောလမ်းအမည် MSC

Words
100
Reading
1 min
Listen
Play
8y

မင်္ဂလာပါရှင် ……
သက်လျာစာမရေးတာကြာပီဖြစ်လို့  MSC leader နှင့်တကွ admins များနှင့် မန်ဘာမောင်နှမအားလုံးက နားလည်ပေးကြပါလို့  ခွင့်ပန်ချင်ပါတယ် ။

လမ်းတခုအဖြစ်​အများသူငှါသွားလာရလွယ်​​အောင်​ ​ဖောက်​ဘို့ဆိုတာဟာ လွယ်​ကူတဲ့အလုပ်​တခု​​တော့ မဟုတ်​ပါဘူး ။

ရှိရင်းစွဲလမ်း​ဟောင်းတခုမှာ ……

ကောင်းမွန်​စွာ​လျှောက်​လှမ်းရင်း လမ်း​မပျက်​​အောင်​ထိန်းသိမ်းကြသူများရှိသလို

ကောင်းမွန်​စွာ​လျှောက်​​သော်​ငြားလည်း လမ်းမပျက်​​အောင်​ ထိန်းသိမ်းခြင်းမရှိ လျစ်​လျူရှုကြသူများလည်း ရှိကြပြန်​ပါတယ်​ ။

ဒါ့အပြင်​ ပိုဆိုးတာက ​ကောင်း​ကောင်းလဲမ​လျှောက်​သည့်​အပြင်​ လမ်းကိုပါပျက်​စီး​အောင်​ ဖျက်​​ဆီးကြသူများလည်း ရှိလာပြန်​ပါတယ်​ ။

FB_IMG_1515155175432.jpg

ထိုလမ်းလျှောက်သူများအထဲတွင် ကျမလဲတဦးအပါအဝင်ဖြစ်ပါတယ် ။ ကျမအနေဖြင့် မိမိကိုယ်က ထိုလမ်းတခုပေါက်မြောက်အောင် မစွမ်းနိုင်တဲ့အတွက် ထိုလမ်းလေးမပျက်စီးအောင်တော့ လျှောက်လှမ်းလိုမယ်လို့  မိမိကိုယ်ကို တွေးနေမိပါတယ် ။

ပထမဆုံးက သူများဘယ်လိုလျှောက်တယ် သူများဘယ်လိုပျက်စီးအောင် လျှောက်လှမ်းနေတာကို နှိုင်းယှဉ်လုပ်ဆောင်ဘို့ ရာမလိုဘဲ မိမိကိုယ်တိုင်က ကောင်းမွန်စွာ လျှောက်လှမ်းဘို့ ဘဲ လိုတယ်လို့  ကျမထင်မိပါတယ် ။

ထိုမှတဆင့် ဒုတိယအနေနဲ့ မိမိကိုယ်တိုင်ကောင်းမွန်စွာလျှောက်လှမ်းရင်း တပါးသူများကို လက်တွဲလှမ်းလျှောက်ရင်း ဒီလမ်းလေးရဲ့အကျိုးပြုပုံလေးကို နားလည်လာအောင်ရှင်းပြရင်းက ဒီလမ်းလေးကို မပျက်စီး / မဖျက်စီးစေဘဲ အတူလျှောက်လှမ်းကြဘို့ ကို ဆွေးနွေးလုပ်ဆောင်ရမှာပါ ။

အဲဒီလိုနဲ့ အချင်းချင်းညှိနှိုင်းရိုင်းပင်းရင်းက လျှောက်လှမ်းသွားကြမယ်ဆိုရင် ဒီလမ်းကလေးဟာလည်း မပျက်မစီးဘဲ လျှောက်လှမ်းကြသူတွေကလည်း ချောမွေ့အဆင်ပြေကြပြီပေါ့ ။

ကဲ အခုကျမတို့ မောင်နှမဆွေမျိုးအားလုံးလည်း MSC ရဲ့ ပန်းခင်းသောလမ်းကလေးကို အတူတကွ ချောမွေ့စွာ လျှောက်လှမ်းကြပါစို့ လားရှင် ။

thetlyar@thetlyar

MSC 027

ပန်းခင်းသောလမ်းအမည် MSC | Ecency