လမ်းခွဲ

Words
35
Reading
1 min
Listen
Play
8y

မင်းရက်စက်တယ်လို့ မခံယူလိုပါ
တကယ်ဆိုငါတို့နှစ်ယောက်က
မဆုံစည်းနိုင်တဲ့ မျဉ်းတစ်ကြောင်းစီမှာ
ရှိနေခဲ့ကြသူတွေပါ
မင်းရဲ့ဝှက်ဖဲတစ်ချက်ကို
ငါကြိုတင်မသိခဲ့လေတော့
အချစ်ကိုယုံကြည်မိတဲ့ နှလုံးသားတစ်စုံ
မင်းရဲ့စိမ်းကားခြင်းမှာ
တစ်စစီပြိုကွဲ ပျက်စီးသွားတာ
ငါ့အပြစ်ပါ ချစ်သူ
မင်းကြုံတွေ့မယ့် ဆုလဒ်ကိုတော့
မင်းနှစ်ခြိုက်တဲ့
ဂုဏ်သတ္တိတွေနဲ့
စောင့်ကြိုနေပါစေလို့
ငါဆုတောင်းပေးမယ်
ဖြတ်သန်းဖူးတဲ့ အတိတ်ကိုတော့
ငါ့အတွက်အဖော်အဖြစ်
ထားခဲ့လိုက်ပါ
စိတ်ချစွာဘဲ နှုတ်ဆက်လိုက်ပါ
ချစ်သူ....
uomo-guarda-il-sole.jpg
Credit Image Source

Writter@theinzawlin
MSC - 128