ချစ်သူတမ်းချင်း

Words
41
Reading
1 min
Listen
Play
8y

တခြမ်းပဲ့တဲ့ လရောင်အောက်မှာ
မင်းရဲ့အပြုံး မင်းရဲ့ရယ်သံ
လှုပ်ရှားမူဟန် တမ်းတသော်ငြား
မဖြစ်နိုင်မှန်း သိကာနေတော့
အလွမ်းတွေကို ရင်မှာစည်းကာ
သံစဉ်မဲ့တဲ့ စာသားတစ်ချို့
နှုတ်ဖြားထက်မှာ အတက်အကျ
မတူသော်လည်း ညဉ်းဆိုဆဲပါ
တကယ်ဆိုရင် မင်းလည်းမမှား
ငါလည်းမမှန် မာနကိုယ်စီ
ဆုပ်ကိုင်ထားတော့ ဝေးသထက်ကို
ဝေးရပြီပေါ့ ချစ်သူရယ်
ငါတို့အတိတ် လွယ်လွယ်လေးတော့
ဖျောက်ဖို့တကယ် ခက်ခဲလှတယ်
မြင်မြင်သမျှ အရာလေးတွေ
အမှတ်တရ ဖြစ်နေပြန်တော့
မေ့ဖို့ပိုမို အခက်တွေ့နေ
ရင်ကွဲမတတ် အေးစိမ့်နေတဲ့
ဆောင်းနှင်းကြားမှာ အလွမ်းတွေကို
ရင်မှာပိုက်လို့ ဆွေးမြေ့ဆဲပါ
ချစ်ရသူရယ်

ချစ်သူတမ်းချင်း | Ecency