ရွာ​ဟောင်း အလွမ်း​​​ပြေနှင့် Steem ဟုန်းဟုန်း​တောက်တဲ့​ခေတ်

Words
342
Reading
2 min
5y
Listen to this post
~2 min

ဒီ​နေ့ ​ရေးမယ်လို့ ရည်ရွယ်ထားတဲ့ အ​ကြောင်းက NFTsအ​ကြောင်းဖြစ်ပါတယ်။ ဒါ​ပေမဲ့ ​လေ့လာ​နေတုန်း ဖြစ်တာရယ် မှတ်သား​လောက်တဲ့ အချက်အလက် မရ​သေးတာ​ကြောင့် Google​ခေါက်တာ ခဏနားပြီး ​ခေါက်ဆွဲစား​​နေတုန်း cdm.ano@cdm.anoက ကျမရဲ့ Rising Star postမှာ Hive စတင်တာ ဘယ်နှစ်နှစ်ရှိပြီးလည်းလို့ ​မေးလာပါတယ်။ ကျမလည်း ပြန်စဥ်းစားမိတယ်။ ဘယ်နှစ်နှစ်​တောင်ရှိသွားပြီလည်း​ပေါ့။ ကျမ stemmမှာ စာ​တွေ​ရေးဖို့ Join Date လုပ်တာက ၂၀၁၇မှာ စတင်ပါတယ်။ အဲ့ အချိန် ကိုဟင် Steem Myanmarကို စတင်တည်​ထောင်ပြီး အဲ့ဒီမှာ သူများ​တွေ စာ​တွေ​ရေး ပိုလ့်​တွေတင်​နေပါပြီ။ ကျမက အဲ့အချိန် Invest site​တွေ လုပ်​နေချိန်​ပေါ့။

img_0.8930652371111469.jpg

IGAက စလိုက်တယ်လို့ ​ပြောရပါမယ်။ IGAက ကျမတို့ နယ်ဘက်မှာ ​ဟော်တယ်​တွေ ဌားပြီး​တောင် အခန်းအနားနဲ့ အကြီးအကျယ်လုပ်တာပါ။ အိမ်​ပေါင်ပြီး Invest လုပ်သူ​တွေ​တောင် ရှိပါတယ်။ ​နောက်​တော့ Site Scam​ရော။ ရှုံးလိုက်ကျတာ ပိုက်ဆံ​တွေ သိန်း​ငွေဆိုတာ အနည်းဆုံးပါ။ IGAက ​ကြော်ငြာ​လေး​တွေကို click​ပေးရတာမျိုးပါ။ Package အလိုက်ဝယ်ရပြီး အနည်းဆုံးက ​သောင်း​ငွေရှိပါတယ်။ ကျမ အပါအဝင် လူ​တော်​တော်များများ ​ငွေသိန်းချီ ပါသွားပါတယ်။ ​Owner လုပ်တဲ့ မိန်းမက​တော့ ​နောက်ဆုံး နိုင်ငံခြားသားကို လွှဲချပြီး ရန်ကုန်မှာ ကွန်ဒိုနဲ့ နှပ်​နေ​လေရဲ့။ တရားဆွဲဖို့ လုပ်ကျ​သေး​ပေမဲ့ လူ​တွေ အများကြီး တရားရုံးသွားမဲ့ အ​ရေး ​ရှေ့​နေ​ပေးခနဲ့ ထပ်ကုန်မဲ့ ပိုက်ဆံ အကုန်အခံနိုင်လို့ မလုပ်ဖြစ်​တော့ပါဘူး။ ဟိုမိန်းမက ​ငွေထုတ်ပိုက်ပြီး တရားသူကြီးကို အိတ်ထဲ ထည့်လိုက်မဲ့ အကွက်​တွေလည်း မြင်​ခဲ့ကျလို့ ပါပါတယ်။

IGA ပြီး​တော့ Cryptocurrency ​လောကနဲ့ ကျမ ဝင်ဆန့်လာခဲ့ပါတယ်။ အဲ့ဒီက​နေ Invest site​သေး​သေး​လေး​တွေ လုပ်ဖြစ်တယ်။ Future Net, Laser, Edpay, Hourlybest, Hourcool,Hourpowe, Playing ဆိုဒ်​တွေကို အစုံပါပဲ။ ရှုံးတာလည်း ရှုံး ပြန်ရတာလည်းရ​ပေါ့။ ​​ရင်းနှီးလာတာက BTC, PM,ETH, Payeerစသည့် အသုံးအနှုန်း​တွေပါပဲ။ ​​နောက်ဆုံး​တော့ ကိုယ့်ကိုကိုယ်မွဲ​ဆေး​ဖော်မိတယ်ဆိုတာ သ​ဘော​ပေါက်လာ​တော့ ဘယ် Invest Site မှ မရင်း​တော့ဘဲ ​​ခြေကုန်လက်ပန်းကျ​နေချိန် saipanpha@saipanphaက တစ်မျိုး စခန်းထလာပါတယ်။ သူက ကျမရဲ့ သင်တန်းဆရာပါ။ ကျမက သူ့ဆီမှာ အဲ့အချိန်က မိုင်းတူးနည်း ပညာ​တွေ ဆည်းပူး​လေ့လာ​နေပါတယ်။ ကိုစိုင်းက " အမ​ရေ ကျွန်​တော် platformတစ်ခု​တွေ့ထားတယ် စာ​တွေ​ရေးပြီး ပိုက်ဆံရတာ အမ"တဲ့ ကျမလည်း Invest လုပ်ရတာလား​ပေါ့။ မလုပ်ရဘူး အမ စာ​တွေ​ရေးရုံပဲတဲ့ ကျွန်​တော်​ ​လေ့လာလိုက်အုံးမယ် ဆိုပါတယ်။ သူက ​လေ့လာပြီး ဘယ်လို့ postတင်ရတယ် ဘယ်ဟာက upvote ဘယ်ဟာက down vote ဘာက ဘယ်လိုနဲ့ platformနဲ့ ပတ်သက်တာ​တွေ သင်ပြ​ပေးပါတယ်။

အဲ့ အချိန် MSC နဲ့ မချိတ်မိ​သေးပါဘူး။ ​နောက်​တော့ ကျမ Steemက​နေ ပိုလ့်တင်ပါတယ်။ မိတ်ဆက်ပိုလ့် ​နောက် ပိုလ့်တစ်ခု ၂ခု​လောက်တင်​တော့ အဲ့အချိန် MSC မှာ Admin လုပ်​​နေတဲ့ domelay@domelay ဖိုးသန့်က ဒီလို ဒီလိုဆိုပြီး လာမိတ်ဆက်ပါတယ်။ ဒါနဲ့ MSCအဖွဲ့ထဲ ​ရောက်လာပါတယ်။ ကျမ ​ရောက်လာ​တော့ ကိုစိုင်းကိုလည်း ​ခေါ်​ပေါ့။ MSC ထဲ​ရောက်တာနဲ့ ကိုဟင် kachinhenry@kachinhenryရဲ့ ပိုလ့်​တွေနဲ့ ရင်းနှီးခဲ့ရပါတယ်။ မသိတာ​တွေက​နေ သိလာပါတယ်။ MSCမှာ အဲ့အချိန်ကက​နေ အခုထိ စာ​ရေး​နေသူ​တွေ အ​တော်များများ ကျန်ပါ​သေးတယ်။ ဇွဲ​ကောင်းခြင်းအတွက် ချီးကျူးမိပါတယ်။ donjaun@donjaunkomozaw@komozawmyanmarkoko@myanmarkokosheinthu@sheinthuhtwegyi@htwegyiansoe@ansoeတို့က ဒီ​နေ့အထိ မပျက်တမ်းစာ​ရေးနိုင်ကျသူ​တွေပါ။ ကျန်တဲ့သူ​တွေလည်းရှိအုံးမယ်ထင်ပါတယ်။ ကျမ လက်လှမ်းမီ သ​လောက်​ရေးပြရခြင်းဖြစ်ပါတယ်။ အဲ့ အချိန် စာ​ရေးစက Steem​စျေး အရမ်း​ကောင်းတဲ့ အချိန် ဖြစ်ပါတယ်။

1 steemကို မြန်မာ​ငွေ ၃​​ထောင်ပါ။MSC Leaderကြီး ကိုဟင်ရဲ့ 100% upvote တစ်ချက်ဟာ $11.801တန်ပါတယ်။ သူ့ upvotတစ်ချက်ရဖို့ ​မျှော်လင့်ခဲ့ရဖူးပါတယ်။ Upvote တစ်ချက်​ပေါက်လျှင် Steem ဟုန်းဟုန်း​တောက်ခဲ့ရတဲ့ ကိုဟင်ရဲ့ ​နေ့ရက်​တွေ ဖြစ်ပါတယ်။ Steem မှာ စာ​တွေ​ရေးရင်းနဲ့ ကျမ ​ရေးပြီး သိပ်မကြာခင် ​စျေယ​တွေ တအိအိ ကျဆင်းလာပါတယ်။ ​၂နှစ်​လောက်ကြာ​တော့ steem​စျေး မရှိ​တော့ သ​လောက်ကို ကျ​​နေပါပြီ။ ဒါနဲ့ ကျမလည်း ​ရေးတချက် ​ပျောက်တစ်ချက် ​ပေါ်တစ်ချက်နဲ့ Steemမှာ ကျင်လည်ရင်း ​နောက်​တော့ MSC က ရွာ​ပြောင်းဖို့ ပြင်ဆင်ပါ​တော့တယ်။ ကိုယ်ပိုင်တဲ့ Steem​လေး​တွေပါ မကျန် သိမ်းဆည်းကျရင်း Hiveရွာကြီးကို ​ပြောင်း​​ရွှေ့သွားကျပါတယ်။

ကျမလည်း အစက ရွာ​ပြောင်းသွားကျတာ မသိပါဘူး။ ရွာကို ပြန်တစ်ချက် မပြန်တစ်ချက်ဆို​​တော့။ ​နောက်​တော့ Groupထဲမှာ ​ပြောဆို​နေကျလို့ ​ပြောင်းကုန်ကျပြီဟဲ့ဆိုပြီး လိုက်ဖို့ကြံရပါ​တော့တယ်။ လိုက်သွား​တော့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုပါဘဲ။ ကျမရဲ့ ပိုင်ဆိုင်မှု Steem​လေး​တွေ​တောင် ယူ မလာခဲ့ရပါဘူး။ အခု စာ​တွေ ပြန်​​ရေးမှသာ Steem​တွေ ​​သယ်ခဲ့လို့ရ​ကြောင်း သိရပါတယ်။ အဲ့​တော့မှ ကျမလည်း ရွာ​ဟောင်းကို ပြန်ပြီးSteem​လေး​တွေ ပြန်သွားယူ ​ရောင်းချပြီး အိမ်power​ဆောက်တဲ့အထဲ ထည့်ရပါ​တော့တယ်။ အခုမှ ကျမလည်း စာ​တွေ ပုံမှန် ပြန်​ရေးပြီး Hiveရွာမှာ အ​​ခြေချ​​နေထိုင်​နေပါပြီ။

ရွာ​ဟောင်း အလွမ်း​​​ပြေနှင့် Steem ဟုန်းဟုန်း​တောက်တဲ့​ခေတ် | Ecency