Hello everyone! I hope you are all having a great day. Today, I want to share my routine and progress in the Rising Star game, specifically focusing on completing the Daily Achievements to earn that extra Stardust!
မင်္ဂလာပါသူငယ်ချင်းတို့ရေ။ အားလုံးပဲ သာယာသောနေ့လေးဖြစ်ကြပါစေနော်။ ဒီနေ့မှာတော့ ကျွန်မ Rising Star ဂိမ်းထဲမှာ Daily Achievements လေးတွေ လုပ်ဆောင်ရင်း Stardust အပိုလေးတွေ ရဖို့ ကြိုးစားနေတဲ့ အကြောင်းလေးကို မျှဝေပေးသွားချင်ပါတယ်။
Every day when I start my daily routine, I first head over to the Rave section. I check the teams, compare their VIP status and Fan counts, and strategically choose which team to support to maximize my benefits.
နေ့တိုင်း ကျွန်မရဲ့ Daily Achievements တွေကို စလုပ်ပြီဆိုရင် ပထမဆုံးအနေနဲ့ Rave ပွဲစဉ်ဘက်ကို အရင်သွားပါတယ်။ အဲဒီမှာ ရှိတဲ့ အသင်းတွေအလိုက် VIP အခြေအနေနဲ့ Fan အရေအတွက်တွေကို စနစ်တကျ ကြည့်ပြီးမှ ကိုယ့်အတွက် အကျိုးအမြတ် အများဆုံးရနိုင်မယ့် အသင်းကို ရွေးချယ်ပြီး ပါဝင်ဖြစ်ပါတယ်။
After checking the Rave teams, I move on to the next task which is "Bribe the Big Boss". For this, I simply send 0.001 HIVE to the risingstar2 account using my wallet, which instantly gives me a green YES on the status board!
Rave အသင်းတွေကို စစ်ဆေးပြီးပြီဆိုရင်တော့ နောက်ထပ်အဆင့်အနေနဲ့ "Bribe the Big Boss" အတွက် အကောင့် risingstar2 ဆီကို 0.001 HIVE ပို့ပေးပါတယ်။ Wallet ကနေ အလွယ်တကူ ပို့လိုက်တာနဲ့ စာရင်းထဲမှာ YES ဆိုပြီး ချက်ချင်း စိမ်းသွားတာပဲ ဖြစ်ပါတယ်။
Next up is clicking a Dancer on the Rave page. This is super quick and easy to do, and it adds another tick to my daily task list without any hassle.
ဒါပြီးရင်တော့ Rave စာမျက်နှာပေါ်မှာ Dancer တစ်ယောက်ကို ရှာပြီး Click လုပ်ရတဲ့ အဆင့်ဖြစ်ပါတယ်။ ဒါလေးကတော့ အရမ်းမြန်ပြီး လွယ်ကူတာမို့လို့ ကျွန်မတို့ Daily Task စာရင်းထဲမှာ နောက်ထပ် YES တစ်ခုကို အလွယ်တကူ ထပ်တိုးစေပါတယ်။
Looking at my progress today, I have already completed four tasks out of the main ones: Bribe the Big Boss, Add to Raves Dance Pool, Sponsor a Rave Drop, and Click a Dancer. It feels great to see those green boxes!
ဒီနေ့ ကျွန်မရဲ့ တာဝန်တွေကို ကြည့်လိုက်ရင် Bribe the Big Boss, Add to Raves Dance Pool, Sponsor a Rave Drop နဲ့ Click a Dancer ဆိုပြီး အဆင့် ၄ ခုကို အောင်အောင်မြင်မြင် လုပ်ဆောင်ပြီးသွားပါပြီ။ အစိမ်းရောင် ကွက်လေးတွေ ဖြစ်သွားတာ တွေ့ရတော့ တကယ်ကို စိတ်ချမ်းသာဖို့ ကောင်းပါတယ်။
However, my Daily Achievements for today are not fully complete yet. I still have two more tasks remaining: "Promote Fan Club" Mission and "Craft an NFT", which are currently marked as NO on my dashboard.
ဒါပေမဲ့ ဒီနေ့အတွက် Daily Achievements တွေက လုံးဝ ပြီးစီးသွားတာတော့ မဟုတ်သေးပါဘူး။ လုပ်ဖို့ ကျန်နေသေးတာ ကတော့ "Promote Fan Club" Mission ကစားဖို့နဲ့ တူရိယာပစ္စည်းအစိတ်အပိုင်းတွေကို ပေါင်းစပ် မစ်လုပ်ရမယ့် "Craft an NFT" တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ခုကတော့ Dashboard မှာ NO လို့ ပြနေဆသေးတာပေါ့။
To craft an NFT, I need to go to the Custom Shop, gather the necessary instrument parts, and assemble them into a finished instrument NFT. This part takes a bit of preparation and timing, but it is always fun to build your own gear.
တူရိယာပစ္စည်းတစ်ခု ပေါင်းစပ် မစ်လုပ်ဖို့အတွက် Custom Shop ကို သွားပြီး လိုအပ်တဲ့ Parts လေးတွေကို စုဆောင်းကာ တူရိယာ NFT အဖြစ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါက နည်းနည်း ပြင်ဆင်စရာလေးတွေ ရှိပေမဲ့ ကိုယ်ပိုင် တူရိယာလေး တည်ဆောက်ရတာ အမြဲတမ်း ပျော်စရာကောင်းပါတယ်။
And finally, I need to run the "Promote Fan Club" mission to clear the last hurdle. Once I finish crafting the instrument and running this mission, I will finally be able to claim the 5 STARDUST Bonus for completing all dailies!
နောက်ဆုံးအနေနဲ့ကတော့ "Promote Fan Club" Mission ကို ကစားပေးဖို့ ကျန်ပါသေးတယ်။ တူရိယာ ပေါင်းစပ်တာနဲ့ ဒီမစ်ရှင်ကို ပြီးအောင် ကစားလိုက်ရင်တော့ Daily တစ်ခုလုံး ပြီးစီးသွားပြီး 5 STARDUST Bonus လေးကို Claim လုပ်လို့ ရတော့မှာပါ။
Daily achievements might seem small on a day-to-day basis, but consistency is key in Rising Star. Collecting Stardust regularly helps us unlock great rewards in the Stardust Shop over time.
Daily Achievements လေးတွေက နေ့စဉ်ကြည့်ရင် သေးသေးလေးလို့ ထင်ရပေမဲ့ Rising Star မှာတော့ နေ့တိုင်း မှန်မှန် လုပ်ပေးဖို့က အရေးကြီးဆုံးပါ။ Stardust တွေကို ပုံမှန် စုဆောင်းသွားခြင်းအားဖြင့် နောက်ပိုင်းမှာ Stardust Shop ကနေ ကောင်းမွန်တဲ့ ဆုလာဘ်တွေကို လဲလှယ် ရယူနိုင်မှာ ဖြစ်ပါတယ်။
How is your Daily Achievement progress going today? Are you also grinding for those extra Stardust points? Let me know in the comments below, and happy gaming to everyone!
သူငယ်ချင်းတို့ရော ဒီနေ့ Daily Achievement လေးတွေ ပြီးကြပြီလားရှင့်။ Stardust လေးတွေ ရဖို့ ကျွန်မလိုပဲ ကြိုးစားနေကြလားဆိုတာ ကောမန့်မှာ မျှဝေပေးသွားကြပါဦးနော်။ အားလုံးပဲ ဂိမ်းကစားရင်း ပျော်ရွှင်နိုင်ကြပါစေ။