ကျောခိုင်းသွားချိန် မလိုချင်ဘူး
ရပ်ကျန်ခဲ့တဲ့ ငါ့စိတ်မလွယ်ဘူး
ခြေထောက်တွေ မခိုင်တော့ဘူး
မျောပါသွားတဲ့ ငါ့စိတ်တွေ
မထိန်းချုပ်နိုင်ခဲ့ဘူး. . .
အနောက်ကိုမလှည့်ကြည့်ပေးနိုင်တဲ့
သူတစ်ယောက်ရဲ့ ရင်ခွင်က
နွေးထွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး. . .
အလိမ်ညာတွေ စာဖွဲ့နေတဲ့
စကားတွေကြားမှာသာယာမိနေရင်
ကိုယ့်အပြစ်နဲ့ ကိုယ်သာမို့လို့
တိတ်တခိုးနဲ့ ကျမျက်ရည်
ထောင့်လေးတစ်ထောင့်မှာထိုင်လို့
ခိုးသုတ်နေလိုက်ပေတော့. . .
ရင်ဘတ်ထဲ အသင့်ရှိနေတဲ့
ဓါးတစ်စင်းက အစိတ်စိတ်အမြွှာမြွှာ
စုတ်ပြတ်သတ်အောင်
ငါ့နှလုံးအစုံကို အကြိမ်ကြိမ်မွှန်းနေခဲ့ပြီး. . .
စီးဆင်းနေတဲ့ သွေးတချို့
တဖြည်းဖြည်းနဲ့ ရပ်တန့်လာပြီ
ပူနွေးဖို့အတွက်
Oven တွေသုံးမနေနဲ့တော့
ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ခဲ့လေပြီ. . .
Author - Pannthiri
photo - my lovely friend
myanmar esteem