ဘဝ

Words
47
Reading
1 min
Listen
Play
8y

နိမ့်ကျလာတဲ့ လူနေမှု
ရှားပါးလာတဲ့ သယံဇာတ
ခေါင်းပါးလာကြတဲ့ မေတ္တာတရား

လုပ်တိုင်းဖြစ်မလာတဲ့ စီးပွားရေး
ကြိုးစားမှုမှန်သမျှက အရာမထင်
ရင်းနှီးမှု မှန်သမျှ သဲထဲရေသွန်

အဆင်မပြေမှုတွေ ဆက်တိုက်
ကြုံလာခဲ့လေတော့
ကျစရာ စိတ်ဓါတ်တောင်
ကိုယ့်ဆီက ပြေးသွားလေရဲ့

ပြောတော့ ဘဝဆိုတာ အနိမ့်အမြင့်တဲ့
မြင့်မလာတာ ဘာကြောင့်တုန်း
ဟားတိုက်လို့ ရယ်မော
ခါးစောင်တင်လို့မေးလိုက်ချင်ပါရဲ့. . .
မျက်ရည်တွေတောင်
ကိုယ့်ကို သနားလို့တဲ့
ထပ်မထွက်လာကြတော့ဘူး. . . .
image

Author - pann thiri
photo credit - pinterest
Myanmar steemit

ဘဝ | Ecency