ချိုသာစွာပြောဆိုတတ်ပါစေ. . .

Words
84
Reading
1 min
Listen
Play
8y

ကိုယ်စိတ်နှင့်သူစိတ်မကိုက်ညီလေတိုင်း
ရန်သူလို့ ဘယ်လိုသတ်မှတ်မလဲ. . .

စကားကြမ်းကြမ်းပြောလေ့ရှိတတ်တဲ့
သူနှင့်နူးနူးညံ့ညံ့
ပြောတတ်သူလည်း နားထောင်ရတဲ့သူအဖို့
ခံစားရတဲ့ ရသလေးတော့ ကွာပေမှာပေါ့. . .

စကားကြမ်းကြမ်းတွေ နားထောင်လိုက်မိတဲ့သူအတွက်တော့
စိတ်ထဲမှာ ဝမ်းနည်းခြင်းတွေ သီကုံးသွားတာ
တစ်ဖက်လူတော့ ဘယ်သိနိုင်မလဲ. . .

ချိုအီအောင် ပြောဆိုတတ်ဖို့ မလိုအပ်ပါဘူး
နာဝင်ချိုအောင်တော့ ပြောဆိုတတ်ဖို့တော လိုတာပေါ့. . .

ခံစားတတ်တဲ့နှလုံးသားနဲ့ လူတွေမို့
အာဏာနဲ့အမိန့်ဆိုတာ ပေးတတ်ရင် ခံယူချင်စရာပါ. . .
မပေးတတ်ရင် စိတ်နာစရာပေါ့. . .

နှလုံးသားတွေ မနာကျင်ရလေအောင်
အာဏာနဲ့အမိန့်ကိုတော့သေချာအောင်
အသုံးတတ်ဖို့ လိုတာပေါ့. . .

လူသားတိုင်းက ဝမ်းနည်းမိတတ်တဲ့ အခိုက်တန့်လေးတွေ
ရှိတတ်စမြဲပါ. . .
ကိုယ့်ရဲ့စကားတစ်ခွန်းကြောင့်တော့
ဘဝကြီးကို သတ်သေချင်လောက်အောင်
အရှုံးပေးသွားအောင် အမိန့်နဲ့ အာဏာမပြသင့်ဘူးလေ. . .

ရှေးတုန်းက ပြသထားခဲ့တဲ့ သာဓကလေးတွေလည်း အများကြီးရှိလှပါတယ်
မြို့စားနှင့် ထင်းရောင်းသမား
နွားပိုင်ရှင်နှင့် နွားလားဥဿဘ
အတူယူသင့်တာပေါ့. . .

ကိုယ့်ရဲ့လေသံလေးတွေကို
ဆင်ခြင်နိုင်စွမ်းများစွားဖြင့်
အသုံးချနိုင်ကြပါစေကွယ်. . .

Author - pannthiri
Myanmar steemit

ချိုသာစွာပြောဆိုတတ်ပါစေ. . . | Ecency