စိတ်ကူးသစ်ပင်

Words
75
Reading
1 min
Listen
Play
8y

လကုန်ရက်တိုင်း မျှော်လင့်မိတာ
အစိုးရကဖွင့်လှစ်ပေးတဲ့ အောင်ဘာလေ သိန်းတစ်သောင်းဆုကြီးများ
ကိုယ့်ဆီအလှည့်ကျလို့ ရောက်လာမလားပေါ့
ထီးဆုကြီးများပေါက်လျှင် ဟိုလို လုပ်မည် ဒီလို လှူတန်းလိုက်မည်နှင့်
စိတ်ကူးယဉ်တဲ့ ပျိုပင်းလေးက ဒီလိုရက်တွေမှာ အရွက်တွေ ဝေဝေဆာဆာနဲ့ပေါ့။

ဘဝမှာ အဆင်ပြေပြီး အကြွေးကင်းလွှတ်စွာနဲ့ တစ်ခါလောက်တော့
နေချင်မိတာ အပြစ်တော့ မဟုတ်နိုင်လောက်ဘူး ထင်ပါရဲ့။ ။
မိဘကို တင့်တောင့်တင့်တယ် ထားချင်တဲ့ ဆန္ဒ
ညီအစ်ကိုမောင်နှမသားချင်းတွေကို ထောက်ပံ့ပေးချင်တဲ့ဆန္ဒ
မပြေလည်သူတွေကို ပြေလည်အောင် ဖန်တီးပေးချင်တဲ့ ဆန္ဒ
ကိုယ့်ရဲ့ ဆန္ဒများဆီကို သိန်းတစ်သောင်းကူလှည့်မှရတော့မယ်ဆိုတဲ့
ခပ်ညံ့ညံ့အတွေးတချို့ လကုန်တဲ့ရက်တွေတိုင်း အတွေးဝင်မိတာ
အပြစ်တစ်ခုတော့ မဟုတ်လောက်ဘူး ထင်ပါရဲ့။ ။

စိတ်ကူးတဲ့ သစ်ပင်မှာ အခက်လက်တွေ ဝေဆာနေအောင်
ဘယ်တော့များမှ ပွင့်နိုင်ပါမလဲလို့ တွေးမိတာ အကြိမ်ပေါင်း သိန်းသောင်းမက။

နေ့စဉ်အတွက် ပေါ့ပါးစွာ ဖြတ်သန်းနိုင်မယ့် နေ့ရက်လေးတွေလည်း
ပိုင်ဆိုင်ချင်မိသေးတဲ့ ခပ်ပြင်းပြင်းအတ္တတချို့။ ။
စိတ်ကူးယဉ်သစ်ပင်လေးရဲ့ အကိုင်းခက်လေးတချို့မှာ တွဲလွဲခိုလို့နေပြန်တာ
ခပ်ညံ့ညံ့စိတ်ကူးသစ်ပင် ပျိုးစိုက်လို့ ရေလောင်းကာ ရှင်သန်နေခွင့်က
ကိုယ့်ရဲ့ ပိုင်ဆိုင်မှုပါ။
image
Author- pannthiri
myanmar steemit

စိတ်ကူးသစ်ပင် | Ecency