မတည်မြဲခြင်းနိယာမတွေကိုသိပါရဲ့
ဘာကြောင့် ဆုံးရှုံးမှုတွေကို လက်မခံနိုင်ကြပါလိမ့်. . .
တွေ့ဆြုံကုံကွဲဓမ္မတာအမြဲဆိုတာသိပါရဲ့နဲ့
ဘာကြောင့် ဝေးကွာကြမှာ ကြောက်ကြပါလိမ့်. . .
အစရှိရင် အဆုံးရှိမှာဆိုတာ သိပါရဲ့နဲ့
ဘာကြောင့် လမ်းဆုံးမှာမလိုကြပါလိမ့်. . .
ခန္ဓာရှိရင် အနာရှိမှန်း သိပါရဲ့နဲ့
ဘာကြောင့်နာကြင်မှုကို ညဉ်းတွားမိနေပါလိမ့်. .
နေထွက်ပြီးတိုင်း နေဝင်မှာ သိပါရဲ့နဲ့
ဘာကြောင့် အမှောင်ကို ကြောက်နေပါလိမ့်. . .
သင်္ခါရလောကကြီးကလည်း တည်မြဲခြင်းရှိနေမှာမဟုတ်
လူ့ဘဝခဏရရှိအခိုက်မှာ အားထုတ်ခြင်းနှင့်ကျင့်ကြံခြင်းကို
သာသနာတော်နှင့်ကြုံတဲ့အခိုက်အတန့်လေးမှာ လုပ်ဆောင်ရတုန်းမို့
ဘာကြောင့် နေမှညမှ အချိန်ဆွဲနေပါလိမ့်. . .
နေဝင်တော့မယ် ခရီးသည်တို့ရယ်လို့
သတိပေးနေပါလေရဲ့ ဘာကြောင့် နောက်တွန့်နေကြပါလိမ့်
ရုပ် နှင့် နာမ်ကွဲလေဖို့
သံသရာ ဝဋ်ဆင်းရဲမှ ကင်းလေဖို့
ပင်ပန်းဆင်းရဲခံကာ ရှာဖွေပေးခဲ့တဲ့
ဗုဒ္ဓရဲ့တရားတော်ကိုကျင့်ကြံကြဖို့
ဘာကြောင့်အချိန်တွေဆွဲနေပါလိမ့်. . .
စိတ်တစ်လုံးကိုနိုင်အောင်ထိန်းဖို့
စိတ်ရဲ့စေညွှန်ရာကိုခံမလား
စိတ်ကို ကိုယ်ကခိုင်းနိုင်အောင်
ကြိုးစားလို့အားထုတ်ကျင့်ကြံသင့်ပြီလေ. . .
- မိမိကိုယ်ကိုသတိကပ်ခြင်း * *
Author- pannthiri
photo credit - https://www.google.com/search?biw=360&bih=410&tbm=isch&sa=1&ei=8-MbW_7xN8S68QWJ36uADw&q=why+delay+meditation&oq=why+delay+meditation&gs_l=mobile-gws-wiz-img.12...31921.42195..43580...2....211.2423.0j11j2......0....1.........0i19j0i8i30i19.kY%2F%2FSviTCKo%3D#imgrc=8sGdTY1CqhZJ2M:
myanmar steemit
- မိမိကိုယ်ကိုသတိကပ်ခြင်း * *