အာဟာရပြည့်ဖို့ ဓါတ်စာတချို့
စိတ်အာဟာရဖြည့်ဖို့ ဖတ်စာတချို့
နှလုံးသားအာဟာရ ပြည့်ဖို့ အချစ်တစ်ခု
အသက်ရှည်စွာနေထိုင်နိုင်ဖို့ အသက်ရှုပေါက်တစ်နေရာ
ရှင်သန်နေထိုင်ဖို့ နယ်ပယ်တစ်ခု
အချိန်တန် နေရပ်ပြန်ဖို့ ကျင့်တတ်ရန်တရား
အားလုံးပြည့်စုံအောင် ဖန်တီးနိုင်ဖို့ အသိဥာဏ်
ပိုင်ဆိုင်ခွင့်ရထားတဲ့အတွက် ကမ္ဘာလောက ကပေးထားတဲ့
လက်ဆောင်တစ်ခု. . .
လွှဲမှားစွာတွေးတတ်တဲ့ အတွေးတွေဝင်လာမိတိုင်း
ကိုယ့်ကိုတိုင် ဆင်ခြင်သုံးသပ်ဖို့ ဥာဏ်တချို့နဲ့
ဘောင်ကွပ်ထားတဲ့ အတွင်းမှာပဲ့ နေတတ်တဲ့ အကျင့်တစ်ခု
ထည့်သွင်းပြိးမွေးဖွားပေးခဲ့တဲ့ မိဘပေးခဲ့တဲ့ လက်ဆောင်တစ်ခု
အားငယ်ခြင်းတွေဆိုတာ ဖြစ်စရာမရှိအောင်
ဝမ်းနည်းခြင်းတွေအတွက် ဖေးမ ရန်အသင့်ရှိတတ်တဲ့
ကိုယ့်ရဲ့ ရဲဘော်ရဲဖက် ချစ်သူငယ်ချင်းတစ်စုရဲ့ လက်ဆောင်တစ်ခု. . .
Author-pannethiri
Myanmar esteem