ကျိတ်ကာ ငိုခဲ့ရတဲ့ နေ့စွဲ
ကိုယ့်ရဲ့ အခက်ခဲတွေ တစ်ပါးသူမသိစေချင်
ကိုယ့်ရဲ့ အခက်ခဲ ကိုယ့်ဘာသာ ကျော်လွှာဖို့
ကြိုးစားရမှာမို့လို့ တစ်ပါးသူ နှာခေါင်းပေါက်တွေနဲ့
အသက်ရှုနေရတဲ့ ဖြစ်ရပ်တွေကို မုန်းတီးလာတယ်
ကိုယ်ရပ်တည်နိုင်ဖို့ ဖေးမနေတဲ့ လက်တွေ မလိုချင်တဲ့ ကိုယ်
ကိုယ်ရပ်တည်ဖို့အတွက် သနားစဖွယ်ကြည့်နေတဲ့ မျက်ဝန်းတွေကို မလိုချင်တဲ့ ကိုယ်
ကိုယ်စိတ်နဲ့ကိုယ် လွတ်လပ်စွာရှင်သန်ချင်တဲ့ ကိုယ်
ပေးသော လက်သာဖြစ်ချင်တဲ့ ကိုယ်
ယူသော လက်မဖြစ်ချင်တဲ့ ကိုယ့်ဆန္ဒ
ဒါပေမယ့် အခုချိန်မှာတော့ ကိုယ်က ဘာမှ မလုပ်ပေးနိုင်တဲ့
လူသားတစ်ယောက်. . .
========================
Author- Pannthiri
Myanmar steemit