“တစ်ခုဆို တစ်ခုပဲ”

Words
182
Reading
1 min
Listen
Play
8y

IMG_20171211_182328.jpg

“တစ်ခုဆို တစ်ခုပဲ”

ကျွန်ုပ်အမတ်ကြီးကွီးရွှေ စတင်းရွှေနန်းတော်တွင် အမှုတော်ထမ်းလာခဲ့သည်မှာ ရာသီတွေ အလီလီဟောင်းကာ လတွေနှစ်ပြောင်း ရက်ပေါင်းများခဲ့ပေပြီ။ တစ်နေ့နှင့်တစ်နေ့ တိုင်းရေးပြည်ရေး၊ မင်းရေးစိုးရေးတွေ ဆောင်ရွက်ရသည်မှာလည်း ဦးခေါင်းမှ ဆံပင်များပင် ဖွေးဖွေးလှုပ်ကာ လာသည်အထိပင်ရှိခဲ့ချေပြီ။

မည်သို့ပင် အချိန်အခါ ရာသီတွေပြောင်းသွားပါစေ အမတ်ကြီးကွီးရွှေမှာတော့ စတင်း ရွှေနန်းရှင်ထံပါး၌ အခစားမပြတ်ရှိခဲ့ပေ၏။ ထိုထို အချိန်ခါများတွင် တိုင်းတစ်ပါးမှ တရုတ်လူမျိုးအမတ်လူလည်များကလည်း စတင်းဌာနေမှ အက်စ်ဘီဒီများကို မောင်ပိုင်စီးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြလင့်ကြသည်။ ထိုသို့ တိုင်းတစ်ပါးသားတို့ ကလိမ်ကျ ကြိုးစားလာတိုင်း အမတ်ကြီးကွီးရွှေ၏ ဥာဏ်နီဥာဏ်နက်များဖြင့် ရင်ဆိုင်နေကြရသဖြင့် အရေးမသာရှိနေကြရသည်။


Credit Image Source

အမတ်ကြီးကွီးရွှေအား အနိုင်ယူနိုင်မည့် နည်းလမ်းကို တစ်နေ့တစ်မျိုးမရိုးရလေအောင် တရုတ်အမတ်တို့မှာ နေ့စဉ်လိုလိုပင် တိုင်ပင်ဆွေးနွေးကြသောဟူ၏။ တစ်နေ့တွင်ကား ထိုတိုင်းတစ်ပါးအမတ်တို့ တိုင်ပင်ဆွေးနွေးမိသည်ကား အမတ်ကြီးကွီးရွှေသာ စတင်းရွှေနန်းတော်တွင်မရှိလျင် သူတို့၏ အမေးပုစ္ဆာများကို ဖြေရှင်းမည့်သူမရှိဖြစ်မည်၊ ထိုအခါကြမှမိမိတို့ စိတ်ကြိုက် အနိုင်ယူကြမည်ဟု အကြံဖြစ်ကြလေသည်။ သို့နှင့် ပထမဦးဆုံး အမတ်ကြီးကွီးရွှေအား သူ့ဘုရင်အနားမရှိအောင် ကြံကြလေတော့သည်။

ပထမဦးစွာ ဆိုသည့်အတိုင်း ပထမအဦးဆုံး ရှင်ဘုရင်နှင့် အမတ်ကြီးကွီးရွှေတို့အား အချင်းချင်းစိတ်ဝမ်းကွဲအောင် ရန်တိုက်ပေးခြင်းဖြင့် ရှင်ဘုရင်အမြက်ထွက်က အမတ်ကြီးကို ဝေးရာသို့ နယ်နှင်ဒဏ်သော်လည်းကောင်း၊ သေဒဏ်သော်လည်းကောင်း၊ ရာထူးချ ထားခြင်းသော်လည်းကောင်း ပြုလုပ်ခံရပေမည်။ ထိုသို့ရန်တိုက်ပေးရန်အတွက် အတွင်းလူလည်းဖြစ်၊ အမတ်ကြီးကိုလည်း မလိုမုန်းထားဖြစ်နေသူ လည်းဖြစ်သည့် နယ်စားကြီး ဦးလန်ကြုတ်အား လာဘ်လာဘများပေးကာ သွေးထိုးခိုင်းကြလေတော့သည်။


Credit Image Source

ထိုသို့နှင် နယ်စားကြီးဦးလန်ကြုတ်သည် အခါအခွင့်သင့်တိုင်း အမတ်ကြီးကွီးရွှေနှင့် ပါတ်သက်၍ ရှင်ဘုရင်အား သွေးထိုးဂုန်းတိုက်စကားများ နားသွင်းလေတော့သည်။ ရွှေနန်းရှင်မှာလည်း အမတ်ကြီးကွီးရွှေကို ယုံကြည်ချစ်မြတ်နိုးသော်လည်း တစ်နေ့ပီး တစ်နေ့ အမတ်ကြီး၏ မဟုတ်မမှန်သတင်းကို နားသွင်းနေသော နယ်စားကြီးနှင့် အပေါင်းအပါလူတစ်စုကြောင့် ရွှေစိတ်တော်ညှိုးကာ အလိုမကျဖြစ်လာရလေတော့သည်။ ဟုတ်ရှာမည်ပဲလေ သစ်ငုတ်တိုပင်လျှင် နှဲ့ပါများလျင် နဲ့လာသေးသည်ပဲ၊ ကျောက်တုံး ပင်လျင် ထုပါများလျင်ပဲ့လာသေးသည်ပဲ၊ စတင်းရွှေနန်းရှင်မှာကား လူသားတစ်ဦးဖြစ် လေတော့ မဟုတ်မမှန်သတင်းကို ဟုတ်မှန်သည်အမှတ်သည် စွဲ၍လာလေတော့သည်။

ဤသို့ထိုသို့ ၄င်းသို့နှင့် အမတ်ကြီးကွီးရွှေအား ဒုက္ခပေးမည့် အကြံတစ်ခုသည် နယ်စားကြီးဦးလန်ကြုတ်ထံ ရောက်လာခဲ့တော့သည်။ အကြောင်းမှာ အမတ်ကြီးကွီးရွှေ သည် သူ၏ တဲအိမ်မဟာလေ၏အရှေ့ ကွင်းပြင်လေးကို အမြဲမပြတ် သန့်ရှင်းနေစေကာ ထိုကွင်းပြင်လေးတွင်ပင် ပက်လက်ကုလားထိုင်တစ်လုံးနှင့်၊ ရေနွေးကြမ်းတစ်အိုးနှင့် ပေစာကျမ်းစာများ ဖတ်နေရသည်ကို အလွန်နှစ်သက်ကြောင်း လူအများပြောကြရာမှ ကြားသိရလေသည်။ ထိုအချက်ကို နယ်စားကြီးမှ ဘုရင့်ထံပါး တင်လျောက်သည်မှာကား-- “မှန်ပါ့ ရေမြေ့သခင် စတင်းအက်စ်ဘီဒီများအရှင် ရွှေနန်းတော်သခင်ဘုရား၊ ( စလာပီကြည့်စမ်းကပ်ဖါးလေသံနဲ့ သံတော်ဦးတင်နေတာ)”

image.jpeg
Credit Image Source

-----------------ဆက်ပါဦးမည်ဗျ----------

Steemit photos for paragraph.jpg

Writer >>>nyinyiwin@nyinyiwin(Steemit) MSC-006

Writing End Time >>> 1:00 PM (8.7.2018)

#Myanmar #Writing #Satire #Blog #Funny

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

“တစ်ခုဆို တစ်ခုပဲ” | Ecency