Bitcoin ကို လမ်းလျှောက်ရင်း Free ရနိုင်မယ့် နည်းလမ်းလေး တစ်ခုကို မျှဝေချင်ပါတယ်
Lightning Network ပေါ်က Bitcoin ရရှိမှာ ဖြစ်ပါတယ် Free ပေးတာဆိုတော့ များများ မရနိုင်ပါဘူး
လမ်းလျှောက်မှ ရမှာဆိုတော့ ကျန်းမာရေး လိုက်စားရင်း Free Bitcoin ရနိုင်မှာပါ စီးပွားတော့ မဖြစ်ပါဘူး
ခန့်မှန်းခြေ ခြေလှမ်း သုံးလေးသောင်းမှ Satoshi 100 လောက် ရနိုင်မယ်ထင်ပါတယ်
သူက micro transaction ပေးမှာဆိုတော့ transaction fees မများတဲ့ lightning network ကို သုံးပါတယ်
ဒါကြောင့် lightning btc wallet ဖြစ်တဲ့ wallet of satoshi ရှိထားရပါမယ် ဒါမှ ရလာတဲ့ bitcoin တွေကို သိမ်းလို့ရမှာပါ
Wallet of Satoshi link
https://play.google.com/store/apps/details?id=com.livingroomofsatoshi.wallet
Bitcoin ပေးမယ့် app link ကတော့
smilesbitcoin.com
https://play.google.com/store/apps/details?id=com.smilesbitcoin.smiles
နောက်ထပ် လိုအပ်မယ့် app တစ်ခုကတော့ မိမိ လမ်းလျှောက်တာ ခြေလှမ်း ဘယ်နှစ်ခု ရှိလဲဆိုတာ တွက်ချက်ပေးတဲ့
Google Fit app link
https://play.google.com/store/apps/details?id=com.google.android.apps.fitness
ဒါဆို မိမိ လမ်းလျှောက်တိုင်း smart phone လေး အိတ်ကပ်ထဲထည့်သွား
ခြေလှမ်းတွေကို Google Fit app က မှတ်ပေးပြီး smilesbitcoin.com app က BTCLN တွေ ထုတ်ပေးလိမ့်မယ်
Google Fit မှာ login ဝင်ထားတဲ့ Google account နဲ့ smilesbitcoin မှာ ချိတ်ထားမှာ ခြေလှမ်းတွေအတွက် Bitcoin ရမှာပါ
smilesbitcoin app screenshot လေး ဖော်ပြလိုက်ပါတယ်
ဒီပုံကတော့ ခြေလှမ်း 500 လောက်အတွက် 1 Satoshi ရထားတာပါ
Wallet of Satoshi က app ကို uninstall လုပ်ရင် အထဲမှာရှိတဲ့ bitcoin တွေကို ပြန်ရယူနိုင်ဖို့ မိမိ email ပေးထားရပါမယ်
သူက မိမိရဲ့ email ကို code ပို့ပါလိမ့်မယ် အဲဒီ code ကို copy ကူးပြီး Wallet of Satoshi app ထဲမှာ paste လုပ်ပြီး မိမိ email နဲ့ ချိတ်ရပါမယ်
ဒါဆို phone ပျောက်သွားလည်း ကိုယ်ပ Bitcoin တွေကို တခြား device နဲ့ ပြန်ယူလို့ ရပါမယ်
Lightning BTC တွေ ရလာပြီဆိုရင် စုချင်စု မစုချင်ရင် bitrefill.com မှာ phone bill ဝယ်လို့ ရပါတယ် ခင်ဗျာ