Words in a story 2

Words
188
Reading
1 min
Listen
Play
4y

ဗြိတိန်နိုင်ငံမှာ ဖုန်းအားသွင်းချိန်ကို ပြောင်းလဲလိုက်ရုံနဲ့

တစ်နှစ်ကို မီတာခ ကုန်ကျစရိတ် ၂၄၈ ပေါင် အထိ

သက်သာနိုင်ပါတယ်တဲ့ သတင်းလေးကို ဖတ်ချင်ရင်တော့

ဒီ Link ကနေ ဖတ်ရှုနိုင်ပါတယ်

ဗြိတိန်နိုင်ငံမှာ လျှပ်စစ်ဓါတ်အား ဝန်ဆောင်မှုပေးတဲ့

ကုမ္ပဏီတွေက လူသုံးနည်းတဲ့ အချိန်တွေဆို ဓါတ်အားခကို

ပိုမိုသက်သာတဲ့နှုန်းနဲ့ ဖြတ်ပါတယ်တဲ့

ဥပမာ ညဘက် လျှပ်စစ်ကို အသုံးပြုသူ နည်းပါးတဲ့ အချိန်ဆို

ဓါတ်အားခကို လျှော့ကောက်ပါတယ်

အသုံးပြုသူ နည်းပါးသော လိုအပ်ချက် နည်းပါးသော အချိန်ကို

Off-peak hours လို့ ရေးသွားတာ တွေ့ရပါတယ်

ဒီစကားလုံးကို Google မှာ ရိုက်ရှာကြည့်သောအခါ

ဒီ Link လို တွေ့ရပါတယ်

တစ်စုံတစ်ခုကို လိုအပ်ချက် အနည်းဆုံးအချိန်

taking place at a time when demand is less.
"the property is a 25 minute drive from the city centre in off-peak traffic"

at a time when demand is less.
"we have to get more people to travel off-peak"

ဥပမာ စာကြောင်းများရဲ့ အဓိပ္ပါယ်ကတော့

ယာဥ်ကြော ချောင်တဲ့အချိန်ဆို အိမ်ကနေ မြို့လယ်ကို

၂၅ မိနစ်မောင်းရင် ရောက်တယ်

လူအသွားအလာ နည်းတဲ့အချိန်မှာ သွားမယ့်

ခရီသွားမျိုးတွေ ပိုလိုအပ်တယ်

ကျွမ်းကျင်သူတွေက ဗြိတိန်နိုင်ငံသားတွေကို

ဖုန်းအားသွင်းတဲ့ အချိန်ကို ပြောင်းလဲပြီး

ငွေ ချွေတာနိုင်ကြောင်း အကြံပြုထားတဲ့ သတင်းလေးပါ

စမတ်ဖုန်း တစ်လုံးကို ၂ နာရီနဲ့ မိနစ် ၄၀ ထက်ပိုပြီး အားမသွင်းဖို့လည်း

အကြံပြုထားပါတယ် တစ်နှစ်လုံးနေမှ ၂၄၈ ပေါင် သက်သာမယ်ဆိုတော့လည်း

ကရိအထ များတဲ့ လူတွေကတော့ လုပ်မယ် မထင်ပါဘူး

မြန်မာနိုင်ငံမှာတော့ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ ဓါတ်အားခနှုန်း

သက်သာတယ်ဆိုတာ မရှိဘူးထင်ပါတယ်

နောက် စကားလုံး တစ်လုံးကတော့

Briton ကို Google မှာ ရိုက်ရှာကြည့်သောအခါ

a native or inhabitant of Great Britain, or a person of British descent.

ဗြိတိန်နိုင်ငံဇာတိ ဗြိတိန်နိုင်ငံတွင် နေထိုင်သူ ဗြိတိသျှ နွယ်ဖွား

အခု ဆိုရင်တော့ စကားလုံးလေး နှစ်ခုကို လေ့လာပြီးပါပြီ

Off-peak ရယ် Briton ရယ် ဖြစ်ပါတယ်

ကျွန်တော့် ပို့စ်လေးကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

နှစ်သက်ရင်လည်း vote နဲ့ follow လေး ပေးပါဦး ခင်ဗျာ

Words in a story 2 | Ecency