အင်တာနက်ပေါ်မှာ တွေ့တဲ့ သတင်းတစ်ပုဒ်က စကားလုံး အနည်းငယ်ကို ဆွေးနွေးချင်ပါတယ်
သတင်းကတော့ အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်
Photo Link ကင်ညာနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ
သင်ရိုးညွှန်းတန်းသစ်အဖြစ် ကြက်တစ်ကောင်ကို ဘယ်လိုသတ်ပြီး ချက်ပြုတ်ရမယ်ဆိုတာကို
Practical ဆင်းကြတဲ့ ၆ တန်း ကျောင်းသားတွေပါ ဒီသင်ရိုးညွှန်းတန်းသစ်က
practical lessons တွေကို အသားပေးပြီး စာသင်ခန်းမှာ သင်တဲ့စာနဲ့ စာမေးပွဲရလဒ်က
ကလေးတွေရဲ့ ရမှတ် အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းပဲ ပေးထားတယ်ဆိုပါတယ်
ဒီ practical lesson မှာ ကလေးတွေ ကြက်ကို လည်လှီးပြီး ဟင်းအိုးထဲ ထည့်ဖို့
ကြိုးစားကြတာကို ရိုက်ထားတဲ့ video clip က လူမှုကွန်ယက်မှာ ပျံ့နှံ့သွားပြီး
ဒီသင်ရိုးညွှန်းတန်းသစ်ကိုလည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်ဆိုပါတယ်
ကလေးတစ်ယောက်က ကြက်ကို ခေါင်းကကိုင်ပြီး ကျန်ကလေးတစ်ယောက်က
လည်ပင်းကို ဓါးနဲ့ လှီးတယ် ပြီးတော့ လည်ပင်းမရှိတော့တဲ့ကြက်ကို ဘေးက မီးဖိုပေါ်က
အိုးထဲ ထည့်ဖို့ကြိုးစားတာ လည်ပင်းပြတ်နေတဲ့ကြက်က ထပျံ့ပြီး လွတ်သွားတယ်တဲ့
ပြီးတော့ အဲဒီကြက်က လည်ပင်းပြတ်ကြီးနဲ့ ဟိုဟိုဒီဒီ လျှောက်ပြေးနေတာ မိနစ်အနည်းငယ်
ကြာပါသတဲ့ ကျွန်တော်လည်း ကြက်မသတ်ဖူးတော့ မသိပါဘူး ကြက်က
လည်ပင်းပြတ်ကြီးနဲ့ အဲဒီလို ပြေးနိုင်သေးသလားဆိုတာ သတင်းထဲမှာ ပြောတာကတော့
ကြက်ရဲ့ ကျောရိုးထဲမှာ အောက်စီဂျင် လက်ကျန်က
မိနစ်အနည်းငယ် ရှိနေနိုင်သေးလို့ ဖြစ်တယ်လို့ ဆိုပါတယ် ဒီဗီဒီယိုက လူမှုကွန်ယက်ပေါ်မှာ
ပျံ့နှံ့သွားတော့ ဒီသင်ရိုးညွန်းတန်းသစ်ကို ပြန်လည်စိစစ်ဖို့ ဖြစ်လာတယ်ဆိုပါတယ်
Practical lessons တွေ များပြီး စာသင်ခန်းမှာ သင်တဲ့အချိန် နည်းလာတာ
practical အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကလေးမိဘတွေဆီက ဆရာတွေက တောင်းခံတာ
ထမင်းတစ်နပ်တောင် စားရဖို့ အခက်အခဲရှိတဲ့ ဒေသမှာ ကြက်အကောင်တွေကို ကျောင်းကို
ယူလာရတာ မယူလာနိုင်တဲ့ ကျောင်းသားတွေက ယူလာနိုင်တဲ့ ကျောင်သားတွေ လုပ်တာကိုပဲ
ကြည့်ရှုခွင့်ရတာ စတဲ့ ပြဿနာတွေအတွက် ဒီသင်ရိုးညွှန်းတန်းကို ပြန်လည်စိစစ်ဖို့
သမ္မတဆီအထိ သတင်းရောက်သွားခဲ့တယ်ဆိုပါတယ် ဒီသတင်းမှာ ကျွန်တော်တွေ့တဲ့
စကားလုံးအနည်းငယ်ထဲမှာ cauldron ဆိုတာတွေ့ပါတယ်
Google မှာ cauldron အဓိပ္ပါယ် ရိုက်ရှာကြည့်တော့
a large metal pot with a lid and handle,
used for cooking over an open fire လို့ အဓိပ္ပါယ်
ပေးပါတယ် open fire ဆိုတာကတော့ ဖိုထားတဲ့ မီးဖိုပေါ့ မီးဖိုပေါ်မှာ ချက်ပြုတ်ဖို့
သုံးတဲ့ အဖုံးနဲ့ လက်ကိုင်ပါတဲ့ သတ္တုအိုးကြီးလို့ ပြောရမယ်ထင်ပါတယ်
Google image မှာ ရှာကြည့်တော့
အဲဒီလိုပုံတွေ တွေ့ပါတယ် မြန်မာလို့ ဘာအိုးလို့ ခေါ်မလဲတော့ မသိဘူး အိုးတော့အိုးပါပဲ
မြန်မာစကားလုံးတော့ ရှာမတွေ့ဘူး မြန်မာမှာက ဒယ်အိုး ဒန်အိုး စတီးအိုး ထမင်းအိုး ဟင်းအိုး
စလယ်ဝင်အိုး ဒါပဲ ကြားဖူးတယ် english စကားကလည်း ထူးဆန်းပါ့နော် pot ဆိုရင် မပြီးဘူး
အိုးကကြီးရင် large pot ပေါ့ ဒီလို မဟုတ်ပဲ အိမ်ပြင်မှာ ဖိုထားတဲ့ မီးဖိုပေါ်မှာ ရှေးခေတ်ကလို
လက်ကိုင်နဲ့ ချက်တဲ့ အိုးကြီးကျတော့ cauldron တဲ့ နောက်ထပ်တွေ့တဲ့ စကားလုံးတစ်ခုက
ကလေးတွေ ကြက်သတ်တဲ့ ဗီဒီယို လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားတာကို viral video clip
ဆိုပြီး သုံးသွာတာပါ video clip ဆိုတာကတော့ ဗီဒီယို အပိုင်းအစလေးပေါ့
Viral ရဲ့ အဓိပ္ပါယ်ကို google မှာ ရှာကြည့်တော့
(of an image, video, piece of information, etc.) circulated rapidly and widely from one internet user to another
အင်တာနက် သုံးသူ တစ်ဦးမှ တစ်ဦးထံ လျင်မြန်စွာ ပျံ့နှံ့သွားသော
ဓါတ်ပုံ ဗီဒီယို သတင်း အချက်အလက် ပေါ့ Virus လို ပျံ့နှံ့သွားတာကို ပြောချင်တာပါ
နောက်ထပ် စကားလုံးတစ်ခုကတော့ guinea pig ပါ ကလေးတွေရဲ့ သင်ရိုးညွှန်းတန်းထဲမှာ
ကြက်တွေက အစမ်းသပ်ခံ အဖြစ် ပါဝင်နေရတာကို guinea pig လို့ ပြောပါတယ်
ဓါတ်ခွဲခန်းတွေမှာ ဆေးထုတ်လုပ်ဖို့ သုတေသနလုပ်ဖို့ guinea pig ဆိုတဲ့ အမြီးမပါတဲ့
တောင်အမေရိက ကြွက်တွေကို အစမ်းသပ်ခံအဖြစ် သုံးလေ့ရှိပါတယ် guinea pig ဆိုတာ
ကြွက်အမျိုးအစား တစ်ခုပါ ဒီနေရာမှာ အစမ်းသပ်ခံအရာကို ပြောတာပါ
Guinea pig ကို google မှာ ရှာကြည့်သောအခါ
ဒီလိုဆို ဒီသတင်းကနေ စကားလုံး ၃ လုံးကို လေ့လာပြီးသွားပါပြီ cauldron ရယ်
Viral ရယ် guinea pig ရယ်ပေါ့ ဒီပို့စ်လေးကို နှစ်သက်ရင်လည်း vote လေးပေး
follow လေး လုပ်သွားပါ မနှစ်သက်ရင်လည်း hive ငွေ လိုချင်သည်မို့ ကြံကြံဖန်ဖန်
လျှောက်ရေးရသော ကျွန်တော်ကို နားလည်ပေးပါ ခင်ဗျာ