ပြင်ဦးလွင်၊ အနီးစခန်းဈေး

Words
213
Reading
1 min
9y
Listen to this post
~1 min

ပြင်ဦးလွင်၊ အနီးစခန်းဈေး

အလုပ်မှခွင့်ရက်ရှည်ရသောကြောင့် အေးအေးဆေးဆေးအနားယူပြီး စာရေးချင်သောကြောင့် ကျွန်တော့်ရဲ့ ဇာတိမြို့ လေးဖြစ်တဲ့ ပြင်ဦးလွင်မြို့ ကိုပြန်လာခဲ့ပါသည်။ အိမ်ပြန်မရောက်တာ ကြာပြီဖြစ်
သောကြောင့် ခုလိုမိသားစု နှင့် ပြန်လည်ဆုံတွေ့ရတာ စိတ်ထဲတွင်
လုံခြုံနွေးထွေးမှုကိုခံစားလိုက်ရပါသည်။မိသားစုနှင့်ခွဲကာ မန္တလေး
မြို့ တွင် အလုပ်လုပ်နေခဲ့သည်မှာ ၄ နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါသည်။ အိမ်ကိုတော့ တစ်လတစ်ခေါက် သို့မဟုတ် နှစ်လတစ်ခေါက် တော့ပြန်ဖြစ်ပါသည်။ ခွင့်ရက်ရှည်ကတော့ တစ်နှစ်မှာတစ်ခေါက်လောက် တာယူပြီးပြန်ဖြစ်ပါ သည်။

Pro နေ့ကိုရောက်ရှိလာတော့မည်ဖြစ်သည်။ အေးအေးဆေးဆေးအနားယူပြီးစာရေးမယ်ဆိုကာမှ ခေါင်းထဲတွင် ရေးကွက်က ဘာမှကို
တွေးလို့မရ ဒီလိုနှင့် ရေးစရာရလိုရငြား လမ်းဘက်ထွက်လာခဲ့ပါ
သည်။ မနက်ခင်းစောစော မို့ လေပြေလေးကအေးအေးစိမ့်စိမ့်ရှိလှသည်။ တစ်နှစ်ပက်လုံး မန္တလေးလိုမြို့ကြီးမှာ နေလာရတာ
ငြီးငွေ့လှသည်။ ခုလိုလက်ဆက်တဲ့လေကို မရှူရှိုက်ရသည်မှာ
အတော်ကြာပြီမို့ အားရပါးရရှူရှိုက်လိုက်သည်။ တော်ကြာကြာ
လမ်းလျောက်လာပြီးနောက် ရေးစရာတစ်ခုကို တွေးမိလိုက်သည်။

IMG_20180227_092320.jpg

“ ဈေး ’’ …….
“ ဟုတ်သားပဲ ကြံကောင်းပဲ ” ( စိတ်ထဲမှတွေးမိကာ )
ဈေးလမ်းဘက်ကို လျောက်လာခဲ့ပါသည်။ ဈေးအကြောင်းကို မရေးခင်လေးမှာ ဈေးရဲ့ တည်နေရာကို ပြောပြပါချင်ပါသည်။ အနီးစခန်း
စံပြဈေး ဟာ မန္တလေးတိုင်း ပြင်ဦးခရိုင် ရပ်ကွက်ကြီး ၁၇ ၊ အနီးစခန်း ၊ ပြင်ဦးလွင် - မန္တလေး ကားလမ်းမကြီးဘေးတွင်တည်ရှိပါသည်။ ထို့ကြောင့် ပြင်ဦးလွင်လာရင်း နှင့် ၀င်ရောက်လည်ပက်လို့လည်းရပါသည်။ အနီးစခန်းဈေးဟာ မနက်ပိုင်း ဈေးဖြစ်ပြီး ဈေးဖွင့်ချိန်မှာ
မနက် ၅နာရီမှ နေ့လည် ၁၂ နာရီထိသာဖြစ်ပါသည်။ အနီးစခန်းဈေးဟာ ကျွန်တော်တို့မိသားစု အတွက် သက်မွေးဝမ်းကြောင်းနေရာဖြစ်ပါသည်။ အမေဟာ အနီးစခန်းဈေးတွင် ရှမ်းခေါက်ဆွဲဆိုင်လေးဖွင့်
ပြီး ကျွန်တော်တို့ မောင်နှမတွေကို ကျွေးမွေးခဲ့ပါသည်။ အမေ ရှမ်းခေါက်ဆွဲ ရောင်းနေတာ ၁၄ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ် ပါသည်။
အနီးစခန်းဈေးကို အနီးပတ်ဝန်းကျင်ရွာများဖြစ်သော တိုးကြီးကုန်၊ ဈေးကုန်၊ ရေခြံ၊ ဆင်ခေါင်းကြီး၊ ဖောင်းတော အစရှိတဲ့ ရွာများမှ တောင်သူများမှာ ခြံထွက်သီးနှံများ၊ ပန်းများ၊ သစ်သီးဝလံများကို လာရောက်ရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုကြပါသည်။ အနီးစခန်းဈေးဟာ တောင်သူများ၊ ဈေးသည်များအတွက် အသက်သွေးကြောပင်ဖြစ်ပေသည်။

IMG_20180227_091923.jpg

IMG_20180227_095425.jpg

IMG_20180227_092104.jpg

IMG_20180227_092406.jpg

IMG_20180227_092150.jpg

အနီးစခန်းဈေးဟာ ၄ ဧက လောက်ကျယ်ဝန်းပါသည်။ အရင်တုန်းကတော့ အမိုးမရှိ၊ အကာမရှိ ခြံစည်းရိုးမရှိ ဟင်းလင်းပြင်တွင် နေရာချကာ ရောင်းချကြပါသည်။အခုချိန်မှာတော့ ခမ်နားထည်ဝါစွာ အမိုးအကာများနှင့် တကယ်ကို စည်းကားသိုက်မြိုက်နေပါသည်။
ကျွန်တော်ဈေးထဲကို ရောက်ရှိချိန်မှာတော့ ဈေးဝယ်သူများနှင့် အတော်ကို စည်းကားလျှက်ရှိနေပါသည်။ ကုန်စိမ်းများ၊ သစ်သီးဝလံများကို လတ်လတ်ဆတ်ဆတ် ခင်းကျင်းရောင်းချနေပါသည်။ အစာအစာများ မုန့်ဆီကြော်၊ ရှမ်းခေါက်ဆွဲ၊ ဖတ်ထုပ်၊ လက်ဖက်ရည် အစရှိသော ဆိုင်များတွင်လည်း လူတွေပြည့်နေပါသည်။ ဈေးသည်များ
မှာလည်း သူတို့ထွက်ကုန်များကို အော်ဟစ်ရောင်းချနေသံများ၊
ဈေးဝယ်မှ ဈေးစစ်နေသောအသံများဖြင့် ဈေးရုံတစ်ခုလုံး ဆူညံလျက်ရှိပေသည်။ဤ မြင်ကွင်းများကို မြင်တွေ့နေရသည်မှာ စိတ်ထဲတွင်တစ်မျိုးတစ်ဖုံ ကြည်နူးခံစားမိပါသည်။ ဈေးသည်များနှင့်ဈေးဝယ်များ၏ အပြုံးများမှာ ဟန်ဆောင်မှုကင်းကာ ဖြူစင်လှပေသည်။
ဤကဲ့သို့သွက်လက်စွာ လှုပ်ရှားသွားလာနေကြသော ၊လန်းဆန်းမှု အပြည့်ရှိနေသော ၊ အနီးစခန်းဈေးသည်လည်း မင်္ဂလာရှိသော မနက်ခင်းကို အလှဆင်လို့နေပါသည်။ စတီးမစ်မှ ညီကိုမောင်နှမ များကိုလည်း အလည်လာကြဖို့ ဖိတ်ခေါ်လိုက်ရပါသည်။

ကိုကိုမိုးဟိန်း
သစ်အယ်သီး

ဓာတ်ပုံ >> ကိုယ်တိုင်ရိုက်ယူသည်

Written by kokomoehein@kokomoehein
MSC no. 118

ပြင်ဦးလွင်၊ အနီးစခန်းဈေး | Ecency