လူတွေမော့မော့ကြည့်နေတဲ့
ကောင်းကင်ကို ကိုယ်လည်းမော့ကြည့်မိတယ်
သိပ်လှတဲ့ သက်တန့်လေးပါလား
သမ္မာကျမ်းစာမှာ
သက်တန့်ဆိုတာ
"ဒီကမ္ဘာမြေကို သန့်ရှင်းပြီးခြင်း" ရဲ့
သင်္ကေတတဲ့...
သက်တန့်ကလေးရေ
ကျွန်တော့်ရင်ထဲက
ညစ်ပေနေတဲ့အချစ်တွေကိုရော
ကျေးဇူးပြု၍ သန့်ရှင်းပေးနိုင်မလား...
ကိုကိုမိုးဟိန်း
#KoKoMoeHein
@myanmarkoko