ဘဝက ခက်ခဲကြမ်းတမ်းစမ်းပါစေ(သိမ်း)

Words
164
Reading
1 min
Listen
Play
7y

ဒီလိုနဲ့အဘွားအိုက ဘ၀ရဲ့ခက်ခဲကြမ်းတမ်းရတဲ့အကြောင်းရင်းကို မြေးမလေးနားလည်သွားအောင်ရှင်းပြပေးလိုက်ပါသတဲ့။
စာဖတ်သူ စတီးမစ်မိသားစုဝင်များ ကျွန်တော် အဘွားအိုပြောပြလိုက်သော စကားများကို မပြောခင် ဘာများဖြစ်လေမလည်းလို့ အရင်ဆုံး တွေးတောစေချင်ပါသည်။ ခနလောက်ဖြစ်ဖြစ်တွေးတောလိုက်ပါအုံး----

အဘွားအိုပြောပြလိုက်တာကတော့ -

ဘ၀ဆိုသော မီးဖိုပေါ်တယ်ထားတဲ့ ရေနွေးအိုကြီးပါပဲတဲ့ လူတွေကတော့ ကြက်ဥလိုလူ၊ ခါကြက်ဥ လိုလူ နှင့် ကော်ဖီလိုလူဆိုပြီး ၃ မျိုးရှိတယ် င့ါမြေးရဲ့ ။ ပထမ ကြက်ဥလိုလူ ကြက်ဥဟာ အလွန်ပူပြင်းတဲ့ အပူချိန်နဲ့ပြုလိုက်တဲ့အခါ ကြက်ဥဟာမာခဲပြီး အက်ကွဲသွားတယ် စားလို့မရတော့ဘူး။ တစ်ချို့လူတွေဟာ လောကရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အရာတွေနဲ့ တွေ့တဲ့အခါ ကြက်ဥလိုပဲ မာခဲလာပြီး အက်ကွဲသွားကြတယ်။ အတတွေရှိလာကြတယ်။ ငါပဲအမှန် ငါပဲလူကောင်း ငါပဲတော်တယ်၊ ငါပဲတက်တယ် ဆိုပြီးဘုကျကျပြောဆိုနေထိုင်လာကြတယ်။ အဲ့တော့ ဘယ်သူနဲ့မှ အဆင်မပြေတော့ပဲ လူတွေရဲ့ ရှောင်ဖယ်ချင်းကို ခံကြရတော့တာပေါ့။

ဒုတိယ ခါကြက်ဥဟာ ရေနွေးပူပူနဲ့ ပြုပ်လုပ်တဲ့အခါ ကြာလာရင် ပျော့ပြဲလာပြီး စားလို့မရဖြစ်သွားသလိုပဲ လူတစ်ချို့ဟာလည်း လောကမှာ ပြသနာအခက်ခဲတွေနဲ့တွေ့လာရတဲ့အခါ လွယ်လွယ်နဲ့အရှူံးပေးလိုက်ကြတယ်။ ငါဟာဘာမှမတက်ဘူး၊ ငါဘာမှမလုပ်နိုင်ဘူး၊ ငါဟာအသုံးမကျတဲ့သူဆိုပြီး သူတို့ဟာ ကိုယ့်ကိုယ်ကို ခံယူလိုက်ပြီး ဘာမှအသုံးမ၀င်တဲ့ လူဖျင်းလူညံ့တွေဖြစ်သွားကြတယ်။

တတိယ ကော်ဖီစေ့ဟာ ရေနွေးပူပူနဲ့ ပြုပ်လိုက်တဲ့အခါ ရေနွေးထဲကို ပျော်ဝင်သွားပြီး သောက်သုံးလို့ရတဲ့ ကော်ဖီတစ်ခွက် ဖြစ်သွားတယ်။ တစ်ချို့လူတွေဟာလည်း ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းကြရတဲ့အခါ ကြုံလာတဲ့ပြသနာတွေကို ရင်ဆိုင်ကြတယ်။ ပြသနာတွေကို လက်ခံပြီး အကောင်းဆုံးလိုက်လျောညီတွေစွာ တုန့်ပြန်ဖြေရှင်းကြတယ်။ အဲ့တော့် သူတို့တွေဟာ ဘ၀မှာ အောင်မြင်မှုများစွာကို ခံစားစံစားကြရတယ်။ လူတွေရဲ့ လိုအပ်ခြင်းကိုခံကြရတယ်။ လူတွေရဲ့ ချစ်ခြင်းကိုခံကြရတယ်။ လူတွေရဲ့လေးစားခြင်းကိုခံကြရတယ်။ လို့ အဘွားအိုက မြေးမလေးကို ပြောပြလိုက်သောအခါ မြေးမလေးလည်း မိမိဘ၀ကို နားလည်သဘောပေါက်သွားတော့သည်။

food-eggs.jpgpexels-photo-65174.jpegpexels-photo-585750.jpegImages credit >>> https://www.pexels.com

ပုံပြင်လေးကတော့ ဒါပါပဲ ။ လူတိုင်းလူတိုင်းကတော့ ဘ၀ကို အခက်ခဲတွေနှင့် ဖြတ်သန်းခဲ့ကြရမည်မှာအမှန်ပင်။ ကျွန်တော်လည်း ဘ၀ကို ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရသည်။ ကြာလာတော့ ကျွန်တော်ဟာ ကြက်ဥလိုလူဖြစ်လာခဲ့တယ်။ ပြသနာတွေကို မာမာထန်ထန် တုန့်ပြန်လာတက်ခဲ့တယ်။ ငါပြောတာပဲအမှန်၊ ငါလုပ်တာအဟုတ်၊ ငါကလွဲရင် ကျန်တဲ့လူတွေက အမှားပဲလို့ တဆိပ်ကပ်ခဲ့ဖူးသည်။ ကျွန်တော့်ရဲ့ မှားနေသည့် အတွေးများကို စောစောတွေ့မြင်ခဲ့ရပြီး နောက်ပိုင်း ကိုယ့်ကိုယ်ကို ပြန်လည်ဆင်ချင်ကာ ပြုပြင်ခဲ့ရပါသည်။ ယခုအခါတွင်တော့ လူတိုင်းလိုအပ်သော ၊ လူတိုင်းချစ်ကြသော၊ လူတိုင်းလေးစားရတဲ့ ကော်ဖီလိုလူ တစ်ယောက်ဖြစ်အောင်ကြိုးစားလျှက်ရှိပါသည်။

စတီးမစ်မိသားစုဝင်များလည်း မိမိဘယ်လိုလူဖြစ်ချင်သလဲဆိုတာ ပြန်ဆန်းစစ်ကြရင်း စတီးမစ်ပလက်ဖောင်းပေါ်တွင် အောင်မြင်သော မြန်မမျာဖြစ်ကြပါစေဟု တောင်းဆုပြုလိုက်ရပါသည်။

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
myanmarkoko@myanmarkoko

MSC no. 118

ဘဝက ခက်ခဲကြမ်းတမ်းစမ်းပါစေ(သိမ်း) | Ecency