Eating Jackfruit and Knowledge ( Part -1 )

Words
126
Reading
1 min
Listen
Play
7y

ပိန်းနှဲသီး ( အပိုင်း - ၁)

Hello , all steemit member.

ပိန်းန္နဲသီး စားရင်း ပိန်းန္နဲသီး အကြောင်း နှင့် စားသုံးနည်း အသုံးပြုနည်း များ အား ရေးသား post တင် ပါသည်

image

ယခု ရာသီ သည် ပိန်နှဲသီး များရင့်မှည့်သည့် လရာသီ ဖြစ်သည့်အတွက် ဈေးများ တွင် ပိန်းနှဲသီး အလုံးလိုက်သော် ၄င်း ဝါလိုက်သော်၎င်း ရောင်ခိလျှက် ရှိနေပါသည်

ပိန်းနှဲသီးဟာ အရောင်အဆင်း လှပရုံသာမကဘဲနဲ့ မွှေးပျံ့တဲ့ရနံ့ ကြောင့်ပင် စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ် ချို တဲ့အရသာ ရှိပါသည်

ပိန်းနှဲသီး ရင့်မှည့် ပြီဆိုပါက ပိန်းနှဲသီး အနံ့ ကို အဝေးကပင် ရနိုင်ပါတယ်

အပြင်ပန်း ပုံစံကတော့ ဒူရင်းသီး ပုံစံနဲ့ ခပ်ဆင်ဆင်တူပြီး အထဲက မှည့်နေတဲ့ အသားအဆံလေးတွေ ပါဝင်ပါတယ်

ပိန္နဲသီး ၏ အထဲမှ အဆံ ( ဝါ ) လေး များသာမက ဘဲ အလုံး လိုက်ပင် မြင်ဖူးကြမယ် ထင်ပါသည်

image

ကျမတို့မြန်မာ လူမျိုး အများစုသည် ပိန်းနှံသီး ကို နှစ်ခြိုက်စွာ စားသုံးကြပါသည်

ပိန်းနှဲသီး အကင်းနုနု လေးများကို ငပိရည်နှင့် အတို့အမြုပ်အနေနဲ့ တို့စားကြ
ပါသည်

ပိန်းနှဲသီးအစိမ်းကိုတော့ ကြက်သား ဝက်သား ဆူးပုတ်ရွက် တို့နှင့် ချက်စားကြပါသည်

ပိန်းနှဲသီး အမှည့် ကိုတော့ အထဲမှ အတွင်းအဆံ (ဝါ ) လေးများအား ဒီအတိုင်း စားကြပါသည်

ပိန်းနှဲသီး အဆံ( ဝါ) လေးများထဲမှ အစေ့ ကိုတော့ ပြုပ်၍ ဆီဆား တိုနှင့် နယ်၍ ၄င်း ချက်ပြုပ်၍ လည်း စားသောက်ကြပါသည်

mamamyanmar@mamamyanmar

Eating Jackfruit and Knowledge ( Part -1 ) | Ecency