ဝါဆို ဝါခေါင် မိုးအေးအေး ရေးချင်ရာရေး

Words
212
Reading
1 min
7y
Listen to this post
~1 min

image

ဝါဆို ဝါခေါင် ဆိုတော့ ဒီအပတ် တနင်္ဂနွေမှာ
မိုးအုံ့ပြီ မိုးဖွဲလေးတွေကျ မိုးရွာနေသည်။ အပြင်မှာ
မိုးလေးရွာတော့ steemit မှာစာရေးဖို့ စဉ်းစား
ရင်း ပျင်းရပြန်သည်။ ကိုယ်တွေဆီ မိုးရွာတော့
အေးသည်။ ဖုန်သိပ်သည်။ မီးရေးထင်းရေး
မစိုးရိမ်ရပေ။ နယ်အရပ်ဒေသများမှာတော့
မိုးကတန်ဘိုးရှိပေသည်။ သောက်ရေ သုံးရေ၊
သီးနှံစိုက်ပျိုးရေးများအတွက် အချို့ဒေသများက
မိုးကို အားထားကြသည်။ မိုးရွာမှ ပျိုးသာကြ
သည်။ သစ်ပင် ပန်းမာလ်တို့ စိမ်းစိုကာ
သဘာဝလောကကြီးက ရေချိုးထားသလို
လန်းဆန်းလှပ တင့်တယ်နေသည်။ ကြည့်လေရာ
သစ်ပင်တို့က စိမ်းစို၍ အမြင်အေးချမ်းလှပေသည်။

kk2rog0jhc.jpg

ရုံးပိတ်ရက် ပျင်းသမို့ ဘာလုပ်ရမှန်းမသိ ဗီဒီယိုခွေ
များကလည်း ကြည့်ပြီးသားများဖြစ်နေသည်။
ဇာတ်ကားကောင်း ဇာတ်ကားသစ်လေးများရှိရင်
လက်တို့ပြောပေးကြပါအုံး။ ကိုယ်တွေက သရဲကား
တော့မကြည့်ရဲဘူး။ အချစ်ကားနဲ့ ဒရမ်မာကားလေး
တွေတော့ ကြည့်ချင်သေးသည်။ ကုလားကား
ဒရမ်မာကားလေးတွေကြိုက်သည်။ သို့သော်
ကုလားကား ဖိုက်တင်ချခန်းများနှင့် သီချင်းဆိုခန်း
အရှည်များတော့ သိပ်မကြိုက်ပေ။ ငင့် ဦးထွေး
ကလည်း ချေးများတာ။

vrhr7mmggd.jpg

မိုးအေးအေးမှာ ကျွန်တော်တို့ ဝန်ထမ်းတိုက်ခန်းမှာ
နာရေးကိစ္စရှိသည်။ နာရေးပို့ရန် အတွက် ကျွန်တော့်အစ်မက ၁၂နာရီထဲက ဝီရိယ ကောင်းနေသည်။

”၁နာရီမှ ပို့ရမယ့် နာရေးကို အစ်မရဲ့ စောလှချည်း
လား ”

”စောစောသွား ကားပေါ်ထိုင်တော့ တိုက်တန်းက
သတင်းတွေ အစုံသိရတာပေါ့”

”အော် ဂလိုလား ဒီလိုဆိုလဲသွားပေါ့ အစ်မရာ
အပြန်ကျ သတင်းထူးရင် ပြန်ပြောပြပါအုံး”

အဟဲ ကိုယ်တွေအသံက စုံထောက်များလို
သတင်းအနံ့ရလိုက်တဲ့အတိုင်း အစ်မပြန်လာရင်
မေးရအုံးမှပါ။ ဒါမှ စာရေးဖို့် ပိုစ့်တင်ဖို့ ကုန်ကြမ်း
ရမှာလေ။ ကျွန်တော်တို့ တိုက်တန်းက နာရေး
ပို့လျှင် မတ္တရာ မိုးကုတ်သွားရာလမ်းရှိ အေးရိပ်ငြိမ်
သုဿာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ရသည်။ အသွား
အပြန် ၂နာရီခန့်ကြာသည်။

rr0xoxwsnq.jpg

ကျွန်တော့်အစ်မသည် ပြန်ရောက်လျှင် ရောက်ချင်း သတင်းစကားသိပ်မပြောချင်ရှာပါဘူး။

”အမလေး အတော်ဆိုးတဲ့လူ ဒီလောက်ပေမှန်း
မသိဘူး”

”ဟ...ဘာတွေဖြစ်လာတာလဲ အစ်မရာ”

”တို့အပေါ်ထပ်က ကိုသန်းကြီးရယ် သင်္ချိုင်းမှာ
အုတ်ဂူတွေပေါ်ထိုင်ပြီး အုတ်ဂူကို တဖျပ်ဖျပ်
လက်နဲ့ရိုက်ပြီး ကျုပ် ဒီနေ့ဖြစ်ဖြစ် မနက်ဖန်ဖြစ်ဖြစ်
အရောက်လာခဲ့မယ် သိလားတဲ့၊ မူးမူးနဲ့ပြောနေ
တာ။ သူ့မိန်းမက ဆွဲလဲမရဘူး။ ပြီးတော့
အလောင်းတွေမီးသင်္ဂြိုဟ်စက်သယ်ရာ လမ်း
ပလက်ဖောင်းပေါ် အိပ်လို့ အိပ်နဲ့ ပြဿနာရှာနေတာ”

”အဲ့တာ ကိုသန်း မယားညီအစ်ကိုက ကဲ သူ့စောင့်
မနေနဲ့ ကားတွေထွက်ကြ တစ်ယောက်သာ
စောင့်ခေါ်ခဲ့ လူတွေရှိနေလို ဒီကောင်ကဲနေတာ။
အမှန်ပ တို့ကားတွေလဲ မောင်းရော ကိုယ်တော်က
ဆိုင်ကယ်နဲ့ပါသွားပြီး တို့ကားတွေတောင်
ကျော်သွားသေး”

”အဟားဟား ဟုတ်လား”

”လူပုံကြည့်တော့ အေးမလိုလိုနဲ့ တော်တော်ရစ်တဲ့
လူ”

မှန်ပါသည် အရက်သည် ပါးစပ်မှ ခန္ဓာကိုယ်အတွင်း
ဝင်သွားသည့်အခါ လူတို့၏ ပုံစံများက အမျိုးမျိုး
ပြောင်းလဲသွားတတ်ပါသည်။ အသေးစိတ်သိလို
ပါလျှင် ကျွန်တော်တို့ msc မှ ကိုသက် ကိုမေးကြည့်
လျှင် ပိုမိုသိရမည်ထင်ပါသည်။ သို့သော် ယခုအခါ
မှာ ကိုသက်သည် ကျန်းမာရေးကြောင့် ယမကာရည်အား ခေတ္တနားထားကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်မှကြားသိရပါသည်။

htwegyi@htwegyi
Photo htwegyi@htwegyi
MSC.036

ဝါဆို ဝါခေါင် မိုးအေးအေး ရေးချင်ရာရေး | Ecency