တစ် ထဆင့်ထူး

Words
120
Reading
1 min
Listen
Play
6y

image

ကိုဗစ်ကာလကြီးမှာ အားလုံးစိတ်ထဲ
တယောက်တမျိုးစီ စိတ်ခံစားမှု
ဖြစ်နေကြပေမည်။ မည်သို့ဖြစ်စေ
ကျွန်တော်တို့အားလုံး ကြိုးစားပြီး
ဖြတ်ကျော်ကြရပေမည်။ ကိုဗစ်ကို
အနိုင်မခံအရှုံးမပေးကြေး စည်းကမ်း
လိုက်နာကာ ကျော်လွှားကြရအောင်။

စိတ်ပျော်ရွှင်စေဖို့ ကျွန်တော်တို့ သီချင်း
နာထောင်ကြမယ်၊ အန္တရာယ်ကင်းဖို့
ကျန်းမာရေးအတွက် ကိုယ့်အိမ်အတွင်းမှာ
လေ့ကျင့်ခန်းလုပ်ကြမယ်။
ရတနာ့သုတ် ပရိတ်ရွတ်ကြမယ်။
မရွတ်တတ်ရင် ဖုန်း၊ စီဒီခွေဖွင့်ကာ
ကပ်ဘေးဆိုးကြီးကို ကျော်ဖြတ်ကြမယ်။

ကဲ ကျွန်တော်ရဲ့ ဇာတ်လိုက်ကျော်
ကစ်ကိုအကြောင်း ဆက်ကြစို့။
ကစ်ကိုက ကိုဗစ်ပိုးကို ကာကွယ်ဖို့
သူ့အဖွား၊ သူ့အမေ၊ သူ့အဒေါ်တွေကို
သတိပေးတာ။

"မက်တပ်ကြနော်၊ နိုင်တီးပိုးတွေက လေထဲမှာ
ပျံ့နေတာ"

img_0.09388617699709781.jpg

သူ့အဖွားက သဘောတွေကျလို့။ သူ့အဖွားက
ကျောက်တည်လို့ ကိုဗစ်ကာလကြီးမှာ
ဆေးရုံတက်ရသည်။ နေပြည်တော်
ဇမ္ဗူသီရီမြို့နယ်မှာရှိတဲ့ ဆေးရုံမှာ
တက်ရောက်ခွဲစိတ်ရသည်။ ခန္ဓာကိုယ်အတွင်းမှာ
ကျောက်အလုံးရေ 11 လုံး ခွဲထုတ်ရရှိသည်။

ဆေးရုံတက်စဉ် သကောင့်သား ကစ်ကိုက
ဆေးရုံအတွင်း စိတ်ကြိုက်ဆော့ကစားသည်။
ထိုအခါ သူ့အမေက ရိုက်လေသည်။
သူ့အမေရိုက်သည့်အခါ ကစ်ကိုက
ပြန်ပြောသည်။

"အင်း သား စဉ်းစားမိပြီး ဒါ ကစ်ကိုအမေအရင်း
မဟုတ်ဘူး။ အမေအရင်းဆို ကစ်ကို ကို ဒီလောက်
မရိုက်ဖူး၊ မဆူဖူး၊ အမေ့ကိုသွားရှာမယ်"

ပြောဆိုပြီး ဆိုင်ကယ်ဦးထုပ်ဆောင်း၍
ဆေးခန်းအပြင်ထွက်လေသည်။
ကစ်ကို၏ အပြုအမူနှင့် စကားကြားသောအခါ
သူ့အဒေါ်နှင့် အဖွားမှာ ရယ်မောမဆုံးပေ။
တဖန် မောင်မင်းကြီးသားက မာန်ပါပါဖြင့်

"ကစ်ကို ကို လာမဆူနဲ့နော် ကစ်ကို
ဂိမ်းဆော့မလို့။ ဒီမှာ ဖုန်းပါဝါက
တစ် ထဆင်ထူး ရှိတယ်"

ကဲ "တစ် ထဆင့်ထူး" တဲ့ မိတ်ဆွေတို့
ဖုန်း ဘတ္ထရီ ၁၀၀ % ကို ပြောတဲ့
ကစ်ကိုရဲ့ စကားလုံးအသစ်က။

htwegyi@htwegyi

တစ် ထဆင့်ထူး | Ecency