နီလိုက် စိမ်းလိုက်နှင့် ကျွန်တော်တို့ အချစ်တော်
Hive ကတော့ တဖြည်းဖြည်းချင်း အောက်သို့
ဆင်းနေသည်။ Cryptocurrency ကြီးတခုလုံး
နီနေသည်ဆိုတော့ ကျုပ်တို့ Hive လည်း
ဘယ်နေလိမ့်မတုန်း။ နီသည်မှ ပြားသုံးဆယ်သို့
ရောက်ပေသည်။
Cryptocurrency လောကကြီးက ခုချိန်မှာ
လှုပ်တုပ် ရွတဖြစ်နေသည်။ ယခင်က ဤကဲ့သို့
ဖြစ်ခဲ့လေသလားမသိပါ။ ယခု ကိုယ်တွေ
Cryptocurrency ကို အနည်းငယ် လေ့လာ
ကြည့်မိသည့်အခါမှ လှုပ်ခတ်လိုက်သည်
ဖြစ်ခြင်း။
ဘာတဲ့ အနည်းငယ် လေ့လာမိသည် ဆိုလား။
အမှန်က ကိုယ်တွေ ဟိုက်မြန်မာဂရုထဲ
Cryptocurrency သတင်းများရေးတင်
နေသူရှိသောကြောင့်ဖြစ်သည်။ သူ့ရဲ့
Facebook မှာလည်း ကိုယ်တွေက သွား၍ဖတ်
ဖြစ်သည်။ ဒီတော့ ကိုယ်သိတာရော၊ မသိတာရော
ဖတ်မိသည်။
မည်သို့ဆိုစေ ကိုယ်တွေက Hive ကို ဈေးတက်
စေချင်သည်။ သို့ပေသိ ကိုယ်ဖြစ်စေချင်တာက
ဟိုက်ကို သုံးဒေါ်လာ ခုတော့ ပြားသုံးဆယ် တဲ့လား။
သုံးတော့ သုံးပေါ့။ သေချာ တွေးကြည့်မှ
ဟိုက်ဈေး ဒေါ်လာ သုံးဆယ် ဖြစ်ပါစေလို့
ကြိတ်ပြီး ဆုတောင်းသည်။ ဆုတောင်းပြည့်
သလိုလို၊ မပြည့်သလိုလို။ သုံးဆယ်တော့
သုံးဆယ်ပေါ့လေ ပြားသုံးဆယ် ပေမို့။
ကဲ အားမ လျှော့ပါဘူး၊ ဇွဲ မလျှော့ပါဘူး
တနေ့မှာ သုံးဆယ်ဒေါ်လာ ဖြစ်မည်ပ။
ဖန်ဖန်လေး အားအင်းဖြည့်လို့
ပိုစ့်တွေ ရေးလိုက်စမ်းပ။ ဘယ်သူ
အားပေးပေး မပေးပေး။
ကိုယ့်ဟာကို အားပေးရင်း
ရှေ့ဆက် လျှောက်နေရပေအုံးမည်။
@htwegyi
January 25, 2024