SPUD အချိန်ခါရောက်ပြီ

Words
134
Reading
1 min
Listen
Play
7y

image

SPUD ကတော့ အလှည့်ကျရောက်လာပြန်ပါပြီ။
Steem Power Up Day မှာ ပါဝင်ဖို့ ပထမဦးစွာ
SPUD အကြောင်းကို ရေးသားရပါသည်။
Steem power များများရဖို့ ကြိုးစားရပါသည်။
တစ်လလုံးစုထားသည့် Steem များကို
လစဉ် 1ရက်နေ့ရောက်လျှင် Steem power Up
ပြီး screenshot ရိုက်ပြီး ပိုစ့်တင်ရပါသည်။

Steem power အများဆုံး Power Up နိုင်သူက
ပထမဆုရရှိပါသည်။ ပထမဆု မရလည်း
နံပါတ် 20 အတွင်း ဝင်ပါလျှင်လည်း ဆုရရှိပါမည်။
အဟဲ ကျုပ်တော့ ခုထိ 20 အတွင်း မဝင်ဘူး
သေးဘူး။ SPUD က ယခုဆိုပါလျှင် 10ကြိမ်
မြေက်ရှိပြီဖြစ်သည်။

SPUD သဘောက 1ရက်နေ့ မတိုင်မီ
သူနှင့်ဆိုင်သည့် အကြောင်းအရာကို
ရေးသားရမည်။ ကျုပ်လည်းSPUD အကြောင်း ကြံဖန်ရေးရပါအုံးမည်။ ဒါနဲ့ နိ့ နေကြပါအုံးဗျာ SPUD အကြောင်းလတိုင်း ရေးနေရတော့
ဘာတွေများ ရေးကြပါလိမ့်။

9fmw99df8b.jpg

ကျုပ်တော့ SPUD အကြောင်းရေးရတာ
ဒါတွေကြီးထပ်နေပြီထင်တာပဲ။ နို့ ခင်ဗျား
တို့ရော ဘာတွေများ ရေးကြသတုန်း။
သူ့ဆီက vote ရချင်တော့လည်း ကြံဖန်
ရေးကြတာပ ဟုတ်ဘူးလား။

ကျုပ်မယ် Crytocurrency အကြောင်းလည်း
စေ့စေ့ငုငုမသိ။ game ဆိုတာလည်း
မျက်လုံးက မကောင်းတော့ မဆော့မိ။
ကိုယ့်အကြောင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်က
အကြောင်းအရာလေးတွေ ရေးပြီး
ပိုစ့်တင်နေရတာပ။

ဒါပေသိဗျို့ လူဆိုတာကလည်း လောဘသားလား။
SPUD မှာ သူများတကာတွေ ဆုရတော့ ကျုပ်လည်း
ဆုရချင်တာပ။ ဒါနဲ့ ဟိုလူ ဒီလူဆီက steem
လေးတွေ နည်းနည်းပါးပါးချေးငှားပြီး
ဆုဝင်ပြိုင်လိုက်ပါအုံးမယ်။ အဟဲ ဒီတစ်ခါ
SPUD10 မှာ ဆု များရမလားပေါ့ဗျာ ။
ကဲ SPUD အဖွဲ့သားများ
ဖိုက်တင်း (အားတင်ထား)။

htwegyi@htwegyi
Photo htwegyi@htwegyi
MSC.036

SPUD အချိန်ခါရောက်ပြီ | Ecency