ခေါင်းစဉ်မဲ့ကဗျာ - ၂၀

Words
28
Reading
1 min
Listen
Play
3h

တခါတလေ
သိပ်ချစ်ပါတယ်ဆိုတဲ့စကားကြားတိုင်း
ရင်ထဲမှာ အောင့်အောင့်သွားတယ်...
ကိုယ်နဲ့မခွဲနိုင်လို့ပါဆိုပြီး ဗေဒင်တွေမေး
ယတြာတွေချေပြီး ငိုယိုခဲ့ဖူးတဲ့ မိန်းကလေးလဲ
ရင်ခွင်သစ်ဆီ ပြောင်းသွားခဲ့တာပဲ...
ဘုရားရှင်နဲ့ ဗေဒင်ဆရာကိုတော့
အားနာဖို့ကောင်းရဲ့။
ခြောက်နှစ်မှာ တစ်ကြိမ်သာ ကိုယ့်ဆီလာခဲ့ပေမဲ့
တခြားတစ်ယောက်ဆီကိုတော့
ခြောက်လနဲ့ အရောက်သွားခဲ့တယ်
သူမ ပြောတဲ့ "သိပ်ချစ်ပါတယ်" ဆိုတာ
ဒါမျိုးထင်ပါရဲ့...

IMG_20261001_093210.jpg

ကိုကိုမိုးဟိန်း
#KoKoMoeHein
myanmarkoko@myanmarkoko

ခေါင်းစဉ်မဲ့ကဗျာ - ၂၀ | Ecency