ဘာရယ်မဟုတ်ဖူး ဓာတ်ပုံများဖြင့် ကိုယ့်က
လုပ်စားတာဆိုတော့ မြင်ရာဖမ်းတဲ့ ကင်မရာမန်း
ဖြစ်နေသည်။ မြင်ရာဖမ်းသည်ဆိုတာလည်း
ကြည့်၍ဖမ်းရသည်။ ယခုခေတ် ဓာတ်ပုံ
ရိုက်ရတာ မလွယ်ဘူး။ ကင်မရာကို မထောင်ရဲ
ဘာလား ညာလား ဆိုပြီး ဆွဲသွားမှာကြောက်
ရသည်။
ယခု ခေတ်ဆိုး ခေတ်ပျက်ကြီးမှာတော့
အစစ အရာရာကို ကြောက်နေ့ရတာပါလေ
သိပ်ပြီးမထူးဆန်းပါဘူး။ အပြင်သွားသည်ပင်
ဖုန်းကို အပြင်ယူမသွားရဲပါ။ ကိုယ်တွေဖုန်းက
စစ်ဆေးမခံနိုင်သည့်ဖုန်းပါ။ အက်လယ်။
အပြင်သွားသည့်အခါ ဖုန်းမယူသွားတော့
အပြင် ရှုခင်းဓာတ်ပုံများမရပါ။ ဒီတော့
ကိုယ်ခြံအတွင်းမှာရှိတဲ့ အပင်တွေ ရိုက်နေရ
တာ။ အဲ အပြင်ဆို၍ ဟိုတလောက
@nweoomon အမေအတွက် ရည်စူး
လှူသည့် ကုသိုလ်ပွဲမှာတော့ ဓာတ်ပုံများ
ရိုက်ခဲ့သည်။
ပုံပါ ပိန္နဲပင်ပေါက်က ထိခိုက်မိ၍ အပင်တဝက်
ကျိုးသွားသည်။ သေသွားသည်ဟုထင်မိသည်။
သို့သော် ဝါဆို ဝါခေါင်မိုးရွာတော့ အပင်က
မသေပဲ ဘေးမှ အတက်လေးများထွက်လာသည်။
ထိုအပင်က ပိန္နဲသီးစား၍ အစေ့ကို လွင့်ပစ်
ထားရာမှ ပေါက်နေခြင်းဖြစ်သည်။ ကျွန်တော်တို့
ခြံမြေက လယ်မြေဆိုတော့ စားသည့်အစေ့များ
ပေါက်နေတတ်သည်။ သို့သော် အပင်ပေါက်သာ
ဖြစ်သည်။ အပင်ကြီးသည်အထိတော့
စိုက်ပျိုး၍ မရပါ။
ထိုအလှူလုပ်သည့် မိုးထိအောင်စည် ရိပ်သာ
အတွင်းရှိ သစ်ပင်၊ ပန်းပင် ရှုခင်းများကို
ရှိသမျှအကုန် ဓာတ်ပုံရိုက်ခဲ့သည်။
သံဃာတေယ်များ၊ သီလရှင်များနှင့်
ယောဂီ လူပုဂ္ဂိုလ်များကို ကျွေးသည့်
ဆွမ်းစားဆောင်နှင့် ဆွမ်းပွဲများ ပြင်ဆင်
ထားသည်ကို မှတ်တမ်းယူခဲ့သည်။
ယခုအချိန် ကုန်ဈေးနှုန်းများ ကြီးမားချိန်၊
ပစ္စည်းများရှားပါးသည့်ခေတ်အခါမှာ
သံဃာတော်များနှင့် သီလရှင်များအတွက်
အလှူရှင်ရှားပါးပေမည်။ သို့ပေသိ
ကိုယ်ကသာ ရှားပါးမည်ဟု ထင်သည်
အချို့ ပေါများသူများက လှူသည်များလည်း
ရှိပေမည်။ မည်သို့ပင် ဖြစ်စေ
တိုင်းနိုင်ငံပြည်ရွာ အေးချမ်းသာယာ
ရှိပါစေတော့။
@htwegyi
20-8-2022