Vietnam also Finalist

Words
168
Reading
1 min
Listen
Play
23d

ပြောခဲ့တဲ့ အတိုင်းပါပဲ ASEAN Championship Hyundai Cup ဆီမီးဖိုင်နယ် ဒုတိယကျော့ ပွဲစဉ် နောက်တပွဲ ဖြစ်တဲ့ ဗီယက်နမ်နဲ့ မလေးရှားတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ဗီယက်နမ်အသင်းကပဲ ၂-၀ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ပထမကျော့ မလေးရှားအသင်းရဲ့ အိမ်ကွင်းမှာတုန်းကလည်း ဗီယက်နမ်အသင်းကပဲ ၀-၂ နဲ့ အနိုင်ရခဲ့တာမို့ ၂ ကျော့ပေါင်း ၄-၀ ဖြင့် ပြတ်ပြတ်သားသား အနိုင်ရပြိး ဗိုလ်လုပွဲ တက်သွားခဲ့ပါပြီ။ ဗိုလ်လုပွဲမှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ASEAN Championship Hyundai Cup ပြိုင်ပွဲက နည်းနည်းတော့ ထူးခြားပါတယ်။ ဗိုလ်လုပွဲစဉ်ပါ ပကျော့၊ ဒုကျော့ဆိုပြီး ကစားရမှာ ဖြစ်ပါတယ်။ ထိုင်းနဲ့ ဗီယက်နမ် ဗိုလ်လုပွဲမှာ ပြန်တွေ့ပြီ ဖြစ်၏။ ၂၀၂၄ တုန်းက အကြွေးကို ထိုင်းတို့ ပြန်ဆပ်နိုင်မလား ကြည့်ကြရပေတော့မည်။ ဒီ နှစ်သင်းက ၂၀၂၄ မှာမှ မဟုတ် ၂၀၂၂ ဗိုလ်လုပွဲမှာလည်း တွေ့ဆုံခဲ့ကြဖူး၏။

ဆိုတော့ကာ ၃ ကြိမ် ဆက်တိုက် သူတို့ နှစ်သင်း ဗိုလ်လုပွဲမှာ ဆုံကြခြင်း ဖြစ်၏။ ၂၀၂၂ မှာ ထိုင်း က အနိုင်ရပြီး ၂၀၂၄ မှာတော့ ဗီယက်နမ်က အနိုင်ရထား၏။ ၂၀၂၆ မှာတော့ ဘယ်အသင်း အနိုင်ရမလဲပေါ့။ စာရင်းဇယားတွေအရတော့ အာဆီယံ ဒေသတွင်းပြိုင်ပွဲတွေမှာ ထိုင်းနဲ့ ဗီယက်နမ်ဟာ တခြား အသင်းတွေထက် အနေအထားတခုမှာ ရှိနေ ရောက်နေပြီလို့ ပြောရတော့မှာပါ။ သူတို့ နှစ်သင်းချည်း ဗိုလ်လုပွဲမှာ ၃ ကြိမ်ဆက်တိုက် တွေ့ဆုံနေတာက သက်သေလို့ ဆိုရမှာပါ။

ဒေသတွင်း အသင်းတွေ တိုးတက်လာသလောက် မြန်မာအသင်းကတော့ ဆုတ်ယုတ်လာနေတဲ့ သဘော ရှိပါတယ်။ နိုင်နေကြ အသင်းလေးတွေကို အနိုင်ကစားပြီး အလယ်အလတ် ဖျက်မြင်း အဆင့်မှာပဲ တဝဲဝဲ လည်နေခဲ့ပါတယ်။ တခါတလေ နိုင်နေကြ အသင်းတွေကိုတောင် မနိုင်တာမျိုး ရှိပါသေးတယ်။

စကားမစပ် Hive မှာ ဘောလုံး ပိုစ့်တွေ ရေးတင်တာ တခြား region က ပြိုင်ပွဲတွေအကြောင်းရေးရင် vote ပိုရလေ့ ရှိပြီး ဒေသတွင်း ပြိုင်ပွဲတွေ အကြောင်းရေးရင် Vote နည်းနေသလားလို့ပါ။ ကျနော် စိတ်ထင်တာလည်း ဖြစ်နိုင်ပါတယ်။ ‌ခြုံငုံကြည့်ရင်တော့ ဘာတင်တင် vote က နည်းကို နည်းတာပါ။ ဈေးကလည်း ကျနေသည် မဟုတ်လား။

(photos from ASEAN Championship Hyundai Cup page)

Vietnam also Finalist | Ecency