Power Up Day 150

Words
118
Reading
1 min
Listen
Play
4M

Power Up ခြင်းမပြုလုပ်တာကြတော့
မေ့ပင်နေသည်။ ယနေ့ ဇွန်လ တစ်ရက်ဆိုသမို့
ပါဝါအပ်လိုက်သည်။ Hive ဈေးတက်ပါရင်
ရောင်းဖို့ ဥ ထားသည်များဖြစ်သည်။
ဈေးက မတက်တော့ ပါဝါအပ်ရတာပေါ့။
တနေ့ ဈေးတက်နိုး တက်နိုးဖြင့် မျှော်ကိုးရတာ
နှစ်ဝက်ပင်ရောက်ပါပေါ့။

ဒီတော့လည်း ဈေးမတက်ခြင်း အထိမ်းအမှတ်ရယ်
နှစ်တဝက်ရောက်ပြီး ဆိုတာရယ်၊ ဘာရယ်
ညာရယ် စသဖြင့် Power Up သည်။ Hive
150 ကိုပါဝါအပ်ပြီး ကျန်သော ဟိုက်တစ်ရာကိုဖြင့်
ဈေတက်နိုး မျှော်ကိုးရင်း ရောင်းဖို့ ဆက်ဥထား
ရပေမည်။ မနေ့က ပိုစ့်တင်ထားသည်။ ယနေ့
ပိုစ်တ့င်ရက်ဟု ထင်ပြီး ပိုစ့်တင်ဖို့ စာရေးမိသည်။

တဖန် ဇွန်တစ်ရက်ဖြစ်သမို့ Power Up အုံးမှ
ဟု တွေးပြီး ပါဝါအပ်သည်။ တရက်ခြားပိုစ့်တင်ဖို့
ကိုယ်တွေက စုံရက်၊ မရက် ရွေးထားသည်။
အခုတော့ မရက် နှစ်ရက်ဖြစ်နေသမို့ အဆင်ပြေသလို
ပိုစ့်တင်ရတာပေါ့။ အဲ့သလိုနဲ့ ဆီထုတ်သော
ယာဉ်များအကြောင်း စဉ်းစားမိသည်။ မရက်၊
မယာဉ်များက ဆီထုတ်ရက် ပိုများသလားဟု။

ဟယ် ပါဝါအပ်တာကနေ စုံ မ တွေရောက်ပါပေါ့။
ကိုယ်တွေ ပါဝါအပ်ခဲ့သည်မှာ မည်မျှကြာပေသည်
မသိပေ။ ယခု 2026 ခုနှစ်၏ နှစ်ဝက်မှာတော့
မှတ်မှတ်ရရ ပါဝါအပ်လိုက်ရတာပေါ့။ ဟိုက်ပါဝါ
များကတော့ 4000 ကျော်ပေပြီ။ နောက်ထပ်
Hive Power 4500 ပြည့်ဖို့ ထပ်မံ ကြိုးစား
ရပေအုံးမည်။ Hive Power 5000 ပြည့်သည့်
အခါ ကျုပ်တို့ရဲ့ ဟိုက်ဈေးက ငါးဒေါ်လာ ရောက်မလား၊
ပြားငါးဆယ် ဖြစ်မလားဆိုတာ စောင့်ရဦးမှာပေါ့လေ။

htwegyi@htwegyi
Jun 1, 2026

Power Up Day 150 | Ecency