ငွေ အာဏာနှင့် ကြီးမိုက်များ။

Words
130
Reading
1 min
Listen
Play
4M

မိမိတို့ပိုင်ဆိုင်ထားတဲ့ရုပ်ခန္ဓာကြီးဟာ အိုခြင်း၊
နာခြင်း၊ သေခြင်းဆိုတဲ့ ဒုက္ခတွေဆီကို နေ့စဉ်
ရွေ့လျားနေတာပါ။ နေ့စဉ် လှုပ်ရှား သွားလာ
ရုန်းကန်နေသဖြင့် ထိုသို့ ရွေ့လျားသွားလာ
နေသည်ကို သတိမထားမိပေ။ ကိုယ်တွေလို
ဆယ်စုငါးခု ကျော်သူအရွယ်များပင် သတိမထား
နိုင်အောင်ဖြစ်သည်။ ဒီတော့ ဆယ်ကျော်သက်အရွယ်
လူငယ်လေးများကို ဒီဟာတွေ ပြောပြပါရင်ဖြင့်
ဘာတွေ လာပြောနေတာလဲဟု အောင်းမေ့
ကြပေမည်။

သို့ပေသိပေါ့ဗျာ ဒီကလေးတွေ၊ လူငယ်လေးတွေက
ထိုသို့သော အို နာ သေခြင်းကိစ္စများကို ဂရုမထားမိပေသိ။
အမှန်အမှားကို ခွဲခြားသိပြီး အမှန်တရား
အတွက် အသက်ကိုပင် ပဓာန မထားသူများ
ဖြစ်သည်။ အသက်ရွယ်က သေခြင်းဆိုသည့်အရာနှင့်
နီးကပ်နေသူများက။ ဒုက္ခတွေကို ငါ့ဟာ၊ ငါ့ဥစ္စာလို့
စွဲလမ်းပြီး အမှန်တရားကို မျက်ကွယ်ပြုနေကြသည်။
ထိုသို့ စွဲလန်းနေသမျှ ကာလပတ်လုံး သက်ကြားအို
တို့က မသေခင် အချိန် အနည်းငယ်‌လေးမှာပင်
ပူလောင်နေကြဦးမှာဖြစ်ပါတယ်။

အသက်ကြီးသူတို့က ငယ်ရွယ်သူတို့ထက် ပိုပြီး
အလိုလောဘတက်နေကြသည်။ ငယ်ရွယ်သူများကို
နေရာပေးဖို့ တွန့်တိုနေကြသည်။ ဒါကြောင့်ပင်
စကားပုံတခုရှိပေသည်။ အသက်ကြီးမှ ရိက္ခာယူ
ချင်ကြသည်ဟုပင်။ တော်ယုံ တန်ယုံ ယူသင့်သလောက်
ယူပြီးပြီဆိုပါမူ မတော်လောဘ မဖြစ်သင့်တော့ပေ။
ယခုတော့ ဒင်းတို့က မသေတော့မယ့်အတိုင်း။ သေရာပါကို
ယူသွားချင်ကြသလားလေ။ ယူသွားလို့ ရမယ်များ
ထင်နေကြလေလား။

အာဏာနဲ့ ငွေ ဒီနှစ်ခုက လူ့စိတ်ကို အများအားဖြင့်
ပြောင်းလဲစေသည်။ မပြီးဆုံးနိုင်သော လောဘရှိရာသို့
ဒလတွန်းပါသွားသည်။ ထိုနှစ်ခုစလုံးမဟုတ်ပါပဲ
တခုတည်းရှိပါရင်လည်း လူ့စိတ်က ပြောင်းလဲ
နိုင်ပေသည်။ ဆင်းရဲခြင်းဒဏ်ကို ခံနိုင်ကြသည်။
သို့သော် ချမ်းသာခြင်းဒဏ်ကို မခံနိုင်သူက
အများသားဟု သိရသည်။ ဒီတော့ ငွေနဲ့ အာဏာ
နှစ်ခုစလုံးရှိသူအဖို့ မည်မျှပင် စောင်းထနေလိုက်မလဲ
ဆိုတာ တွေးကြည့်စရာမလို။ မတော်လောဘကြီးနဲ့
ငွေနဲ့ အာဏာကို ထင်တိုင်း မတော်မတရား ပြုမူသည့်အခါ
ခံကြရသူအများအဖို့ မတွေးဝံ့တော့ပါသလေ။

htwegyi@htwegyi
May 31, 2026

ငွေ အာဏာနှင့် ကြီးမိုက်များ။ | Ecency