ငါးခြောက်ဒီဇယ်။

Words
119
Reading
1 min
Listen
Play
3y

Hive မှာ ဗီဒီယို တင်ရန်စိတ်ကူးသည်။
စိတ်ကူးသာရှိသည် ဗီဒီယိုတင်ရန်
အင်တာနက်လိုင်းက ကောင်းရမည်ဖြစ်သည်။
ယနေ့‌ ဗီဒီယိုတခုတင်ရန် စိတ်ကူးဖြင့် တင်သည့်
အခါ အဝိုင်းလည်နေသည် ။ သို့နှင့်ဗီဒီယိုဖိုင်
တင်ဖို့စိတ်ကူး လက်လျော့လိုက်ရသည်။

ယနေ့ တင်ရန်ဖြစ်သည့် ဗီဒီယိုပိုစ့်က အဆင်မပြေတော့ အခြားအကြောင်းအရာ တင်ရပေတော့မည်။
မဆင်မပြေသည်ဆိုမှ အဆင်မပြေသည့်
အကြောင်းရေးရပေအုံးမည်။

ဒီလိုဗျာ မနေ့က ဈေးသွားသည်။ ယခင်နေ့
တွေကလည်း ဈေးသွားပါတယ်ဗျာ။ စာအနည်းငယ်
ရှည်စေရန် လျှာရှည်မိတာပါ။ ယခုအခါ
ခရမ်းချဉ်‌သီးတွေ လှိုင်လှိုင်ပေါသည်။ တပိဿာ
တထောင်ဖြစ်သည်။

ဒီတော့ ခရမ်းချဉ်သီးများများနဲ့ ငါးခြောက်ချက်
စားမည်ဟု စိတ်ကူးရသည်။ ငါးခြောက်ကို
ယခင် ကိုယ်ဝယ်နေကျ ဈေးသည်ထံမှာ
မဝယ်မိပဲ ဈေးသည်အသစ်ထံဝယ်မိသည်။
ငါးခြောက်ချက်၊ ပဲဟင်း၊ ငရုပ်သီးစိမ်းထောင်းနှင့်
မုန်လာချဉ်သုပ်စားမည်ဟု စိတ်ကူးသည်။

ချက်ပြုတ်ပြီး၍ အားရပါးရ စားမည်ဟု
အားခဲကာ ငါးခြောက်ချက် အနှစ်ကို နှိုက်ပြီးစားသည်။
ကောင်းပေစွ။ နောက်တခါ
ငါးခြောက်တုံးကို ခပ်၍ ဝါးစားသည့်
အခါမှာတော့ ငါးခြောက်တုံးက
ဒီဇယ်အနံ့ရသည်။

ကိုယ်တဦးတည်းသာ အနံ့ရသလား ထင်မိ၍
အမ အား အနံ့ခံခိုင်းသည်။ ဟုတ်သည်
ငါးခြောက်က ဒီဇယ်ဆီအနံ့ရသည်။ အခြား
အတုံးများကို ယူ၍ စားကြည့်အခါ အနံ့ရသည့်
အတုံးက ရ၍ မရသည့်အတုံးက မရပေ။
အဲ့မှာ ကိုယ်တွေက ပြဿနာမရှိချေ။

ပြဿနာက ကျွန်တော့်အကို တာယာပွကြီး
နဲ့မှ ငါးခြောက်ဒီဇယ်က ပြဿနာအကြီးကြီး
ဖြစ်လေသည်။ သူလည်း ပထမစားစဉ်က
မသိပေ။ နောက် ငါးခြောက်တုံးများကို
စားတော့ တွေ့လေသည်။ ငါးခြောက် ဝယ်သူရော၊
ရောင်းသူကိုပါ ပြောလိုက်သည်မှာ သူအိပ်ပြီး
အိပ်မက်ထဲမှာပင် ဆက်ပြီးပြောလို့ မပြီတော့ပေ။

htwegyi@htwegyi
February 15, 2024