ငါးအူဆီပေါင်း

htwegyi(68)
Published in
MSC
Words
76
Reading
1 min
7y
Listen to this post
~1 min

image

ဟိုတစ်နေ့က ဘုရားကြီး အရှေ့မုခ်မှာ
နေသည့် ရုံးမှမိတ်ဆွေက ငါးအူဆီပေါင်းသုတ်
ယူလာသည်။ ငါးအူဆီပေါင်းဆိုသည်က
ယခင်က အလွန်ပေါသည်။ ယခုအခါမှာ
အလွန်ရှားပါးသွားသည်။ ငါးအူဆီပေါင်း
သည် ငါးဗိုက်အတွင်းမှ အဖြူရောင်
လေဖောင်အလုံးလေးနှစ်လုံးကို ခေါ်ခြင်း
ဖြစ်သည်။

ယခုအခါ ရှားပါးသွားရခြင်းမှာ တရုတ်ပြည်မှ
ဆေးအဖြစ်အသုံးပြုရန် ဝယ်သည့်အတွက်ဖြစ်သည်။
ငါးအူဆီပေါင်းနှင့် ငါးအတွင်းကလီစာများကို
ကျွန်တော်အစ်မက ပူပူနွေးနွေးချက်ကျွေးတာ
စားဘူးသဖြင့် ကြိုက်သွားသည်။ ‌အေးသွားပါက
ခဲသဖြင့် စားမကောင်းပေ။

အဆိုပါမိတ်ဆွေ၏ အိမ်နီးချင်းသည် ငါးအူဆီပေါင်းများကို ဝယ်ပြီးအခြောက်ခံကာ တရုတ်ပြည်သို့
တင်ပို့ရောင်းချသည်။ ငါးအူဆီပေါင်းတွင်
အတွဲလေးနှစ်ခုပါရှိသည်။ ထိုနှစ်ခုအနက်
တစ်ခုသာ အခြောက်ခံပြီး ရောင်းချ၍ရသည်။
အခြားတစ်ခုအား စားသုံးသူများထံ အစိုအတိုင်း
ပြန်လည်ရောင်းချသည်။

20200209_094023.jpg

ထိုပြန်လည်ရောင်းချသည်သည့် အစိုငါးအူဆီပေါင်း
ကို မိတ်ဆွေဖြစ်သူက ဝယ်၍ သုပ်ယူလာခြင်းဖြစ်သည်။ကျွန်တော်က အိမ်သားများစားရန် မိတ်ဆွေထံသို့ ငါးအူဆီပေါင်းမှာယူ၍
သုပ်ကြည့်သည်။ထိုအခါ ငါးအူဆီပေါင်းမှာ
ငါးဗိုက်ထဲမှ ထုတ်ယူပြီးပြီးခြင်း ချက်သည်လောက် စားမကောင်းချေ။

ငါးအူဆီပေါင်းကို မည်သို့ပြုလုပ်ထားသည်မသိ
ပျော့သွားအောင် ရေအတော်ပြုတ်ယူရသည်။
လတ်လတ်ဆတ်ဆတ်ငါးအူဆီပေါင်းလောက်
စားမကောင်းပေ။ သုပ်စားသည့်အခါ အနည်းငယ်
မာ၍ ဆက်တောက်‌တောက်ဖြစ်သည်။

htwegyi@htwegyi
MSC.036

ငါးအူဆီပေါင်း | Ecency