လမ်းကြောင်းကြီး (2)

Words
141
Reading
1 min
Listen
Play
6y

image

လမ်းကြောင်းကြီးရဲ့အစတော့ ရေးသားခဲ့ပြီ
ဖြစ်သည်။ ရေးသားခဲ့သည့်အတိုင်း ကျွန်တော့်
ဖခင် ရရှိခဲ့သည့် ပေ40 ပေ60 မြေကွက်
ကို နှစ် 30 ဂရန်သက်တမ်းပြည့်၍ သက်တမ်း
ထပ်မံတိုးမြှင့်ရမည်။ ထိုသို့ သက်တမ်း
တိုးမြှင့်ရန်အတွက် မြေကွက်ကို
ကျွန်တော့်အမေ့ မှ ဦးစီး ဦးဆောင်ပြုလုပ်
ရပေမည်။

ဦးစီး ဦးဆောင်ပြုလုပ်မည့် အမေ့က လေဖြန်း
နေ၍ အမေ့ကိုယ်စား အစ်မနှင့် ကျွန်တော်က
ပြုလုပ်ရပါသည်။ ထိုအတွက် ကျမ်းကျိန်ခြင့်နှင့်
GPလွှဲခြင်းတို့ ပြုလုပ်ရန် အဖေ့သေဆုံးကြောင်း
လက်မှတ်နှင့် အထောက်အထားတစ်ခုရယူ
ရပါမည်။

အချို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ
သေဆုံးကြောင်း ပုံစံ(2) ထုတ်ပေး၍
အဆင်ပြေသည်။ ကျွန်တော်တို့မြို့မှာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်မပေး၍
အဆင်မပြေပါ။ အဖေဆုံးသည်မှာ
1991 ခုနှစ်ကဖြစ်၍ နှစ်ပေါင်း (29) နှစ်
ကြာပြီဖြစ်သည်။

88f3f9.jpg

သေဆုံးကြောင်းလက်မှတ်ရရန် မြို့နယ်
ဒေသန္တရဆေးဌာနသို့ သွားရောက်ယူကြသည်။
မြို့နယ်ဒေသန္တရဆေးဌာနမှာ မန္တလေးမြို့
အနောက်ဖက် အပိုင်းတွင်ရှိသည်။
ဆေးဌာနရောက်သည့်အခါ ဆရာဝန်
အရာရှိမကြီးက လုံးဝထုတ်မပေးနိုင်
ကြောင်းပြောသည်။

သူမတို့ဌာနသို့ မိသားစုဝင်ကိုယ်တိုင် လာရောက်ထုတ်ယူမှသာ သေစာရင်းကို ပေးတော့မည်ဖြစ်ကြောင်း၊ အလွယ်တကူ ထုတ်ပေးတော့မည်
မဟုတ်ကြောင်း၊ ယခုလို လိုအပ်လာသည့်အခါ
နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ စာရင်းမရှိတော့
ကြောင်းပြောသည်။ အထွေထွေပြည်သူ့
ဆေးရုံကြီး၏ အရေးပေါ်ဌာနသို့ သွား‌ရောက်
ထုတ်ယူရန် ပြောသည်။

အဲ့မှာ ပြဿနာရှိပါသည်။ မြို့နယ်ဒေသန္တရ
ဆေးဌာနမှာပင် (29) နှစ်ကြာ၍ သေစာရင်း
မရှိပါလျှင် အထက်မြန်မာပြည် လူပေါင်းများစွာ
လာရောက်ကုသသော အထွေထွေပြည်သူ့
ဆေးရုံကြီးတွင် အဘယ်မှာ ရှိပါနိုင်မည်နည်း။
သေစာရင်း မရပါကလည်း အခြားအထောက်
အထားများမရနိုင်ဘူးလားဗျာ။ အမေက လေဖြန်း
နေလို့ အမေ့ကိုယ်စား မြေဂရန်သက်တမ်းတိုးဖို့
အတွက် အထောက်အထားလေးရနိုင်မလား။

ကျွန်တော်၏ သနားစရာမျက်ခွက်ကို ကြည့်၍
သဘောကောင်းသော ဆရာဝန်အရာရှိမက
ထောက်ခံချက်ရေးပေးလိုက်ပါမယ်တဲ့။
ကျေးဇူးတင်ပါတယ် အစ်မရယ် ဘာညာ
ပေါ့။ တကယ်ကို ကျေးဇူးတင်တာပါ။
အဖေ့သေဆုံးကြောင်း အထောက်အထားမရရင်
ကျွန်တော်တို့ရှေ့ဆက်လုပ်ရဖို့ ခက်ခဲပါမည်။
(သို့သော် တရားရုံးမှ ပုဂ္ဂိုလ်များကတော့
ငွေပေးရင် ရပါသည်ဟုပြောသည်။)

ဆက်လက်ရေးသားပါအုံးမည်....။

htwegyi@htwegyi

လမ်းကြောင်းကြီး (2) | Ecency