ကျွန်တော်နှင့် ဈေးသည်များမှ ပဲပြုတ်သည်
အပျိုကြီးအကြောင်းရေးပြီးဖြစ်သည်။
ကျန်ရှိသည့် ရှမ်းခေါက်ဆွဲသည် လင်မယား
အကြောင်း ဆက်လက်ရေးသားပြပါဦးမည်။
ရှမ်းခေါက်ဆွဲသည် လင်မယား အဲ
ဇနီးမောင်နှံအကြောင်း ဦးစွာရေးသားပြပါမည်။
သူတို့မောင်နှံ အပျိုလူပျိုဘဝ ယောက်ျား
ဖြစ်သူက GTI ကျောင်းသားဟုပြောဆိုကာ
မိန်းမပိုးယူခဲ့သည်။ ယောက်ျားက အပြောကောင်း
ရုပ်ချောပြီး 10တန်းမအောင်ပေ။ ရန်ဖြစ်သည့်
အခါတိုင်း ထိုအကြောင်း ထည့်ထည့်ပြောဆိုသည်။
ရှမ်းခေါက်ဆွဲကို ပထမ စရောင်းသည်မှာ
မိန်းမက စရောင်းသည်။ နောက်ပိုင်း
ယောက်ျားဖြစ်သူက ကူပေးရင် သူ့ယောက်ျား
ရှမ်းပြင်ပေးသည်ကို ဝယ်စားသူတို့ သဘောကျ၍
သူ့ယောက်ျားသာ ပြင်ပေးရသည်။
ယောက်ျားဖြစ်သူမှာ လောင်းကစားမက်သူ
ဖြစ်သည်။ ဖဲရိုက်ပြီး ဘောလုံးပွဲပါလောင်းသည်။
ရှမ်းရောင်းရအမြတ် မှာ လောင်းကစားထဲ
ပါလေသည်။ ယောက်ျားဖြစ်သူက သူလောင်းကစား
လုပ်ရုံမက မိန်းမပါ ပါအောင်ခေါ်သည်။
လင်မယားနှစ်ယောက် တက်ညီလက်ညီ
လောင်းကစားလုပ်ကြသည်။
မိန်းမဘက်မှအမွေရသည့် ငွေကြေးများကိုပင်
5တန်းကျောင်းသား သားလေးရှင်ပြုဖို့
မကျန်အောင် လောင်းကစားပစ်ကြသည်။
ရှမ်းခေါက်ဆွဲဆိုင် ရောင်းကောင်းသော်လည်း
အရင်းနှင့် အမြတ်ပါမကျန် လောင်းကစား
တွင်ပါသွား၍ နောက်ဆုံးဆိုင်ပိတ်သိမ်း
လိုက်ရသည်။
နောက်ဆုံး အကြွေးတင်ပြီး အကြွေးရှင်များ
ရန်မှ ကာကွယ်ရန် မိသားစုသုံးဦး ခရီးထွက်
သလိုလို ပြုလုပ်၍ ခရီးထွက်ရာမှ ပြန်ပေါ်
မလာတော့ပေ။