ကျွန်တော်နှင့် အလွဲများ

Words
101
Reading
1 min
Listen
Play
6y

image

ငထွေးတို့လွဲချက်က ခုခေတ်စကားနဲ့ပြောရရင်
နိုင်းလောက်ရှိတယ်ပေါ့။ အလွဲတွေများချက်
ရည်စား တစ်ရာတစ်ဆယ့်တစ်ယောက်မှာ
တစ်ယောက်မှ အကြောင်းမပါခဲ့ဘူး။
မညားခဲ့ဘူးပေါ့။

အဟုတ် ကြွားတာမဟုတ်ဘူး ရုပ်သာဆိုးတာ။
သူရို့ကတော့ အပြောကောင်း ရုပ်ဆိုးလေးတဲ့။
ကွယ်ရာမှာရော မကွယ်ရာမှာရော ပြောကြတာ။
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ရေးပြရရင်
ဆုံးနိုင်မှာ မဟုတ်ဘူး။ တစ်နေ့ကတောင်
ကိုယ်ရည်သွေးမိလို့ ရုံးက စာရေးမတစ်ယောက်နဲ့
စကားများခဲ့ရသေး။

စကားများဆို အဲ့ စာရေးမက အပျိုမဟုတ်တော့
ကိုယ်တွေက ဘယ်သီးခံမလဲ နော့ 😄😁။
မသကာ ငယ်ငယ်ချောချော စာရေးမပါက်စ
လေးဆိုရင် အရိုကြေကြေ အရေခမ်းခမ်း
ရန်မဖြစ်စတမ်း အလျော့ပေးမှာပေါ့။ ငထွေး
သဘောကောင်းကြောင်း သိကြသားနဲ့။
အဟမ်း။

လိုရင်းရောက်ပြီ။ ပြောချင်တာက ငထွေး
လွဲချက်။ တစ်နေ့က ဘီယာချက်ဂိမ်းလေး
ဂိမ်းလို့ဆိုပါစို့။ စပြီး ဘီယာချက်တာ
100cbm ရခဲ့သည်။ နောက် ထပ်ပြီး
ဘီယာအချက်ကောင်းတာ CBM တစ်ပြားမှ
မရှိတော့ပေ။

img_0.7606197565584164.jpg

ဒါနဲ့ ကိုဟိန်း မေးကြည့်ရတာပ။ ကိုဟိန်းရေ
ဒီလိုဖြစ်နေလို့ ဘာတွေနှိပ်ရမလဲပေါ့။
ကိုဟိန်းကတော့ ပြောရှာပါတယ်။
သူပြောတာက ဘီယာချက်တဲ့ ပစ္စည်းမှာ
အမဲအဝိုင်းလေးပါတာနှိပ်တဲ့။
ကိုယ်တွေ လွဲချက်က အမဲအဝိုင်းနှိပ်ပါဆိုတာ။
အစိမ်း၊ အပြာတွေ နှိပ်နေလိုက်တာ
ရထားတဲ့ CBM လေးတွေ ကုန်ပါလေးရော။

ကိုဟိန်းက ပြောပါ‌သေးတယ် ဘီယာချက်ပြီး
ပြန်ရောင်းတဲ့အခါ ဈေးများများရတာပေါ့တဲ့။
ခုထိတော့ ဘီယာရောင်းတာ အဲ့ဂလောက်ပဲ
ရသေးတယ်လို့ ကိုယ်တွေရဲ့ လွဲချက်ကို
ရေးပြတာပါ 😁😄😆။

htwegyi@htwegyi

ကျွန်တော်နှင့် အလွဲများ | Ecency