ကိုဗစ်နှင့် စမီး

Words
104
Reading
1 min
Listen
Play
6y

image

မန္တလေးရဲ့ semi lockdown ကတော့
အသံတွေဆူညံညံနှင့် 5 ရက်မြောက်ခဲ့ပါပြီ။
ငထွေးတို့ရဲ့ မီးရထားတိုက်တန်းမှာလည်း
တိုက် 12 တိုက်အနက် တိုက်အမှတ်
4,5,6,7,8,10 တိုက်ခြောက်တိုက်မှာ
ပိုးတွေ့လူနာများ၊ အနံ့မရ လူများဖြင့်
ဆူဆူညံခဲ့သည်။

မက်တပ်ပါ၊ လက်ဆေးပါ ပြောလည်း
ငထွေးတို့လူမျိုးက ကိုယ်တိုင်ကြုံမှသိတဲ့
ကြောက်တဲ့ ဟာမျိုးတွေဆိုတော့ မက်ကို
မေးချိတ်သူကအများသာ။ မနက် 6နာရီကနေ
နေ့ခင်း 12နာရီထိ မန္တလေးက အနည်းငယ်
လှုပ်လှုပ်ရှားရှားရှိကြသေးသည်။ 12နာရီ
ကျော်သည်နှင့် မန္တလေးမြို့လမ်းမှထက်
လူနှင့်ယာဉ်တို့ တိတ်ဆိတ်သွားလေသည်။

Facebook မှာဖတ်လိုက်ရတာလေး
သဘောကျမိသည်။ ရန်ကုန်က ဂျေဒိုးနပ်တို့ရေ
တို့မန်းလေးက ထိုးမုန့် မဟုတ်တော့ဘူးတဲ့။
12နာရီအမီ အိမ်ပြန်ကြရတာမို့ စင်ဒရဲလာ
ဖြစ်သွားပြီတဲ့။ အတော်ရေးတတ်တဲ့သူတွေ။

သိတော်မူကြတဲ့အတိုင်း နေ့လည် 12နာရီ
ထိုးပြီးသကာလ ငထွေးတို့မန္တလေးမြိုးရဲ့
ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ ကိုဗစ်ကာကွယ်
တားဆီးနှိမ်နင်းရေး အဖွဲ့များ၊ အုပ်စုများက
မိမိတို့၏ အသိစိတ်ဓာတ်များဖြင့်
လမ်းသွား လမ်းလာများကို စစ်ဆေးခြင်း
အမှုပြုကြလေသည်။

ထိုစစ်ဆေးသူအချို့တို့မှာ ရပ်ကွက်တို့တွင်

img_0.39691208962427027.jpg

ရှိကြပါကုန်သော အလုပ်မရှိအကိုင်မရှိ
နေရာတကာဆရာကြီးများဖြစ်ကြပါသည်။
ထိုအလုပ်မရှိအကိုင်မရှိ နေရာတကာ
ဆရာကြီးများက အလုပ်အကိုင်ရှိကြပါ
ကုန်သော လူတို့အား ရပ်ကွက်အဝင်အထွက်အပေါက်များတွင် စစ်‌ဆေးကြပါကုန်သည်။

ထိုအခါ ပြဿနာပေါင်းသောင်းခြောက်ထောင်
ဖြစ်ပါလေသည်။ သို့သော်ငြာလည်း
သူဟာနှင့်သူတော့ အဆင်ပြေသွားကြသည်။
မကျေနပ်သူရှိသလို ကျေနပ်သူလဲ ရှိမည်
မထင်ပါ။ သို့သော်ပေါ့လေ လူအပေါင်း၏
ဆုတောင်းသံက ကာလနာကိုဗစ်နဲ့ စမီး
လောင်းဒေါ့လည်း မြန်မြန်သေမှ။
ကာကွယ်ဆေးလည်း မြန်မြန်ရမှ
အေးမှာပါတယ်လေ။

htwegyi@htwegyi

ကိုဗစ်နှင့် စမီး | Ecency