ကိုဗစ်19 နှင့် မန္တလေး

Words
93
Reading
1 min
Listen
Play
6y

image

"ကုန်ပြီ"

"အကုန် ကုန်ပြီ"

"ဆန်၊ ဆီ၊ ဆား နဲ့ ပဲတွေ အကုန် ကုန်ပြီ"

အော်ပြီ ပြောပြောဆိုဆို အိမ်ထဲသို့ဝင်လာသူက
ကျွန်တော်၏ အစ်မဖြစ်သည်။ ဈေးမှ ဝယ်လာသည့်
ကြွပ်ကြွပ်အိတ်များကို ဘေးပုံချ၍ အားရပါးရ
ပြောလေသည်။ ဒါက မြန်မာပြည်မှာ ဗိုင်းရပ်စ်
နှစ်ဦး စတွေ့သည့်နေ့ကဖြစ်ပေသည်။

နောက်တစ်နေ့ သုံးဦးမြောက် ရောဂါတွေ့သည့်
နေ့မှာတော့ ဈေးမှ ပြန်လာသည့် အစ်မသည်
အေးအေးဆေးဆေးဖြင့် ပြန်လာသည်။

"ဟ အစ်မရ ဒီနေ့ ဈေးကပြန်လာတာ
တိတ်ဆိတ်လှပါလား၊ ဝူဟန် နောက်တစ်ယောက်
ထပ်တွေ့တာ ဈေးထဲမှာ ဘာမှမဖြစ်ဘူးလား"

"အေးဟယ် ဒီနေ့တော့ အေး‌ဆေးတယ်။
ဈေးရောင်းသူရော ဈေးဝယ်သူရော
အေးအေးဆေးဆေးပဲ။ သိပ်ပြာယာမခတ်
ကြတော့ဘူး"

ကျွန်တော်တို့ နှစ်ဦးစကားပြောနေစဉ်မှာပင်

"ဝူဟန် ဂျပု"

"ဟဲ့ ကိုရိုနာ မသာ"

အိမ်အပြင် ဈေးဘက်မှ အမျိုးသားတစ်ဦးနှင့်
အမျိုးသမီးတစ်ဦးတို့ အပြန်အလှန်ပြောဆို
နေကြသည်။ ဈေးအတွင်း လက်ဖက်ရည်ဆိုင်၊
ရှမ်းခေါက်ဆွဲဆိုင်နှင့် မုန့်ဟင်းခါးဆိုင်တို့ကို
ရပ်ကွက်လူကြီးမှ ဆိုင်တွင်ထိုင်မစားရန်
လိုက်လံပြောဆိုနေသည်။

FB_IMG_1535251556771.jpg

ရပ်ကွက်လူကြီး ပြန်သွားသည့်အခါ
စားသောက်သူများသည် မတ်တပ်ရပ်၍
ဝယ်ယူစားသောက်နေကြလေသည်။
ထိုင်ခုံ၊ စားပွဲခုံများ၊ စားသုံးသည့် ဇွန်း၊
ပန်းကန်ခွက်ရောက်များမှတစ်ဆင့်
ကူးစက်မည်စိုး၍ ပြောသည်ကို
သတိမထားကြပေ။အစားအစာများကို
အိမ်သို့ ဝယ်ယူပါဆယ်ထုတ်ကာ
ဝယ်စားခြင်းဖြင့် ရောဂါကူးဆက်မှု
နည်းပါးအောင် ပြမူဆောင်ရွက်သင့်ပေသည်။

htwegyi@htwegyi

ကိုဗစ်19 နှင့် မန္တလေး | Ecency