ဒီနေ့ မနက် အစောပိုင်းမှာ UCL ပွဲစဉ်များ စတင် ကစားကြပြီ ဖြစ်၏။ စတင် ယှဉ်ပြိုင်သည့် ပွဲစဉ်တွေမှာတင် အကြိတ်အနယ် ရှိလှတာကို တွေ့ရ၏။ Dortmund vs Villarreal ပွဲစဉ်မှာ အိမ်ရှင် Dortmund က ဒုတိယပိုင်း ၅၃ မိနစ်မှာ ဦးဆောင်ဂိုးရ၏။ ဒါပေမဲ့ ၆၆ မိနစ်မှာ Villarreal က ချေပဂိုး ပြန်လည် သွင်းယူ၏။ ၈၀ နှင့် ၈၅ မိနစ်မှာ အိမ်ရှင်အသင်းအနေဖြင့် ၂ ဂိုးဆက်တိုက် ရရှိသွားခဲ့ပြီး ၃-၁ နဲ့ ပွဲကို ဦးဆောင်ထား၏။ ၉၀+၃ မိနစ်မှာ Villarreal တို့ ချေပဂိုး ၁ ဂိုး ထပ်ရ၏။ သို့ပေမဲ့ သရေကျအောင် စွမ်းဆောင်နိုင်ခြင်း မရှိရကား ၃-၂ ဖြင့် Dortmund အသင်းက အနိုင်ရသွားခဲ့၏။
FC Porto vs Man City ပွဲစဉ်မှာတော့ ဧည့်သည် Man City က ၀-၂ ဖြင့် အနိုင်ရသွား၏။ ပထမပိုင်းမှာ ဘယ်သူ့ ဘယ်သူကမှ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ၄၇ နှင့် ၉၀+၁ မိနစ်တို့မှာ Haaland က City အတွက် ၂ ဂိုးလုံး သွင်းယူပေးသွားခဲ့လေ၏။
Lille vs Real Betis ပွဲစဉ်မှာ အိမ်ရှင် Lille က ၁၂ မိနစ်မှာ ဦးဆောင်ဂိုး စတင် သွင်းယူ၏။ Betis က ၃၃ မိနစ်မှာ ချေပဂိုး သွင်းယူ၏။ ၃၆ မိနစ်မှာ Lille က ဦးဆောင်ဂိုး ထပ်မံ သွင်းယူ၏။ ပထမပိုင်းမှာ အိမ်ရှင်တို့က ၂-၁ ဖြင့် ဦးဆောင်ထား၏။ ဒုတိယပိုင်း ၄၉ နှင့် ၅၃ မိနစ်မှာ Betis က ချေပဂိုးနှင့် ဦးဆောင်ဂိုးတွေ ပြန်လည် သွင်းယူ၏။ ဧည့်သည်အသင်း ဦးဆောင် ဂိုးရပြီး နောက် ၅၆ မိနစ်မှာ အိမ်ရှင် Lille အသင်းမှ ကစားသမား တယောက် တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံလိုက်ရ၏။ တယောက်လျော့သွားသည်မို့ ပွဲက အပြောင်းအလဲ ဖြစ်သွားခဲ့၏။ Betis က အဆိုပါ ရလဒ်ကို ထိန်းကစားပြီး ၂-၃ ဖြင့် ပွဲပြီးသွားခဲ့လေ၏။
UCL အဖွင့်ပွဲစဉ်များထဲ အများစု ပို၍ စိတ်ဝင်စားသည့် ပွဲစဉ်ကတော့ Real Madrid vs Inter Milan တို့၏ ပွဲစဉ် ဖြစ်၏။ ပထမပိုင်း ၁၄ မိနစ်နှင့် ၂၃ မိနစ်မှာတင် Real Madrid အနေနဲ့ ဦးဆောင်ဂိုး ၂ ဂိုး တဆက်ထဲ ရရှိသွားခဲ့၏။ ပထမပိုင်းမှာ Real Madrid က ၂-၀ ဖြင့် ဦးဆောင်ထားခဲ့၏။ ဒုတိယပိုင်းမှာ Inter Milan အနေဖြင့် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ လုပ်ခဲ့ပေမဲ့ ဂိုးတော့ မရခဲ့ပေ။ ၇၇ မိနစ်မှာတော့ ချေပဂိုး ၁ ဂိုး ပြန်လည် ရရှိခဲ့ပြီး ၂-၁ ဖြင့်သာ ပွဲပြီးသွားခဲ့လေ၏။
ဒီနေ့ည ၁၁ နာရီ ၁၅ မိနစ်မှာ Barcelona vs Feyenoord, VfB Stuttgart vs Viking တို့ ကစားသွားမည် ဖြစ်၏။ နက်ဖြန် မနက် ၁ နာရီခွဲမှာလည်း ဒီနေ့ မနက်လို ပွဲစဉ် ၄ ပွဲ ကစားသွားဖို့ ရှိနေပါ၏။
(photos from UCL page)