ချောကလက်နဲ့ ထညက်။

Words
143
Reading
1 min
2y
Listen to this post
~1 min

အများတကာတွေ Vday အကြောင်း ရေး ပြီး
သွား သကာလ။ ကိုယ်တွေအလှည့်ကျရောက်လို့လာပြန်ပ။
ဒီ ဗယ်လင်တိုင်ဒေးဆိုတာကို စတင်သူက
မည်သူတွေများပါလိမ့်။ မြန်မာပြည်ကြီးမှာပေါ့လေ
အခြား သူများနိူင်ငံများကို မဆိုလိုပါဘူး။
ကိုယ့်နိူင်ငံ၏ ဗယ်လင်တိုင်ဒေး ကိုဆိုလိုခြင်းဖြစ်သည်။
ဟိုစဉ်ကတော့ ဖတ်ဖူးသည် အနှီး
ဗယ်လင်တိုင်ဒေး ဆိုသည့် ဟာကြီးကို မြန်မာပြည်
သို့ လက်ဆင့်ကမ်း သယ်ယူလာသည်က
စီးပွားရေးသမားအုပ်စု အချို့ဟု သိရသည်။

ဖြစ်နိုင်သည် စီးပွားရေးသမားဆိုသည်က
အတော်ကိုကျယ်ပြန့်သည်။ ဈေးရောင်းသူ၊
တည်ခိုးခန်း ဟိုတယ်ဖွင့်သူများ စသဖြင့်
သူတို့ကို စီးပွားရေးသမားများဟု ခေါ်ရပေမည်။
အဲ ဈေးရောင်းသူများကို တဖန်ပြန်၍ ခွဲခြမ်း
စိတ်ဖြာကြည့်ရပါလျှင် ပန်းစည်းရောင်းသူ၊
ချောကလက်ရောင်းသူ၊ အ‌မွေးပွ အရုပ်ရောင်းသူ
အင်ကျီရောင်းသူများနှင့် အခြား ဘာရောင်းသူများ
ရှိပါသေးသနည်း။

အဆိုပါ ဗယ်လင်တိုင်ဒေး၏ ရှေ့ရက်က
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏
မွေးနေ့ဖြစ်သည်။ ထိုနေ့ကို ကလေးများနေ့ဟု
သတ်မှတ်သည်။ ဗိုလ်ချုပ်က ပဲနံပြားကြိုက်သဖြင့်
ယခင် ဟိုစဉ်အချိန်အခါက ဗိုလ်ချုပ်မွေးနေ့မှာ
ပဲနံပြားလှူတန်းသူများ အင်မတန်ပေါများသည်။
လက်ဘက်ရည်ဆိုင်များမှာ ထိုနေ့ရောက်ပါမူ
နံပြားပျက်လပ်သွားသည့်အထိဖြစ်ရသည်။

အနှီး ဗိုလ်ချုပ်မွေးနေ့ နံပြားပျက်လပ်မှုကို
အားကျ၍လားမသိပေ။ Vday မှာတော့
ချောကလက်များ ပျက်လပ်သွားမှုမရှိသော်ငြား
ဈေးများတက်ကုန်ပေတော့သည်။ ယခုနှစ်
ချောကလက်ဈေးက အလွန်ဈေးများလှသည်။
ယခင်နှစ် သုံးသောင်းကျပ် ချောကလက်က
ယခုအခါ ငါးသောင်းကျပ်အထိ ဈေးတက်
လေသည်။

အက်လယ် ချောကလက်ဈေးနှုန်းတွေ သိလှ
ချည်လားဟု အထင်မကြီးသင့်ပါ။ ကိုယ်တွေ
တူမ ပြောသံကြား၍ လူအထင်နည်းနည်းကြီး
အောင် ရေးသားခြင်းဖြစ်ပေသည်။ ကိုယ်တွေ
သဘောအရဆိုပါမူ ဈေးကြီးသော ချောကလက်အစား
လက်ဘက်ရည်သောက်မည်။ ထန်းလျှက်
စားမည်ပေါ့။ နို့ပေသိ သူတို့ခေတ် သူတို့စနစ်
ဆိုတော့လည်း သူတို့ မူအတိုင်းပေါ့လေ။

တူမဖြစ်သူ စွန့်ကျဲပေးကမ်းမှုကြောင့် Tango
ချောကလက် သုံးခုတော့ စားရပေသည်။ အင်း
စားကြည့်တော့လည်း ထန်းလျှက်နဲ့ ချောကလက်
ကွာတာတော့ အတော်ကို ကွာတာကလား။
အတော်ကို ကွားတာမှာ ဈေးကလည်းကွာ၊
အရသာကလည်းကွာပေသည်ကိုး။ အင်း
ချောကလက်နဲ့ ထန်းလျှက်(ထညက်)
ကွာခြားမှုကြီးရယ်ပါ‌လေ။

htwegyi@htwegyi
February 18, 2025

ချောကလက်နဲ့ ထညက်။ | Ecency