ဧကန်မလွဲ။

Words
122
Reading
1 min
Listen
Play
2y

တနေ့က ပိုစ့်ကို Non CDM အကြောင်းတွေ
ရေးတင်နေတယ်လို့ ထင်ကြမည်။ တနေ့က
ဟေ့ ဟေ့ ရုံးသမလေးတွေ ရေ လို့ အမည်ပေးထားသော
ပိုစ့်တွင် မန္တလေးဘူတာကြီး နောက်ခံထားကာ
ရုံးစာရေးမ သုံးဦး၏ ပုံနှင့်တင်ထားည်။

ထိုပုံက လွန်ခဲ့သော 2015 ခုနှစ်က ရိုက်ထားသော
ပုံဖြစ်သည်။ ရုံးဝန်ထမ်းများအကြောင်းရေးထား
သည်။ ထိုပိုစ်နှင့်ပတ်သက်၍ nweoomon@nweoomon
မှလည်း ပြောသည်။ တနေ့က သူမအိမ်
အလည်ရောက်တော့ ရုံးဝန်ထမ်းတွေ အားနေ
တဲ့အကြောင်းသာ ရေးပြီး အမှန်တကယ်
အလုပ်လုပ်ရတဲ့အေကြာင်းလည်း ရေးပါဟု
ပြောသည်။

မှန်ပါသည် သူမပြောလည်း ပြောပေမည်။
ကျွန်တော့် ဌာနနှင့် သူမတို့ဌာနက မတူပါ။
ကျွန်တော်က ပစ္စည်းဌာနကဖြစ်သည်။
သူမက ဝန်ထမ်းများ၏ လစာများနှင့် ပင်စင်များ
ကို ပြစု‌ ရေးဆွဲရသည်။ ယခုခေတ်အခေါ် HR ဟု
ပြောရမည်။

သူမတို့ ဌာနကတော့ အမြဲတမ်း အလုပ်များသည်။
အလုပ်များဆို အထက်ရုံး နေပြည်တော်မှ
စာရင်းဇယားများကို တလတခါ တောင်းယူသည်။
တော်ကြာ ဟိုလို၊ တော်ကြာ ဒီလိုပုံစံ စသဖြင့်
စာရင်းဇယားများကို အမျိုးမျိုးတောင်းယူသည်။
ထိုကြောင့် သူမတို့ ဌာနအနေဖြင့် တပတ်မှာ
သုံးရက်ခန့် ရုံးဆင်းနောက်ကျသည်။

စနေ၊ တနင်္ဂနွေ အားလပ်ရက်များပါ
တခါတရံ ရုံးဆင်းရသည်။ အချိန်ပိုကြေးမရ။
ဘေးပေါက်မရသော သူမတို့ ဌာနမျိုးလည်း
ရှိပါသေးကြောင်း ရေးလိုက်ရပါသည်။
ကျွန်တော်လို အလုပ်နည်းသော ရုံးဝန်ထမ်း
ရှိသလို သူမတို့လို ဝင်ငွေမရ အလုပ်များသော
ရုံးဝန်ထမ်းများလည်း ရှိပါသေးတယ်လို့။

ဘာရယ်မဟုတ်ပါဘူးဗျာ
ကိုယ်တွေဖက်က အခြေအနေကောင်းလာတော့
ကိုယ့်လုပ်ငန်းခွင်ကို ပြန်လည်းတမ်းတ
သတိရမိတာပါ။ တနေ့တော့ ကိုယ့်လုပ်ငန်းခွင်ဆီ
ပြန်လည်ရောက်ရှိရမည်မှာ မလွဲ မသွေ ဧကန်ပါ။

htwegyi@htwegyi
April 19, 2024

ဧကန်မလွဲ။ | Ecency