Crytocurrency တစ်ခေတ်ဆန်းမည့် အချိန်

Words
105
Reading
1 min
Listen
Play
6y

image

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်တို့ရဲ့ခေါင်းဆောင်
ကိုဟင်နရီအောင် က အကြီးမားဆုံးသော
Crytocurrency လိမ်လည်မှုကြီးများ ကို
ပိုစ့်တင်နေသည်။ သူက အပိုင်း အပိုင်းဖြင့်
ရေးသားနေစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က
2020 မေလ 15ရက် နေ့မှာ သတင်း
ထုတ်ပြန်ခဲ့သည်။ဒစ်ဂျစ်တယ်ပုံစံတစ်မျိုးမျိုးဖြင့်
ရှိနေသည့် ငွေကြေးများအား သုံးစွဲခြင်း အရောင်းအဝယ် ပြုလုပ်ခြင်းတို့ကြောင့်
ပေါ်ပေါက်လာမည့် ငွေကြေးဆုံးရှုံးမှု
အန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရန်အတွက်
အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။

Crytocurrency ဖြင့် ‌ငွေကြေးများကို
ရောင်းဝယ်ပြုလုပ်ပါက တရားဥပဒေအရ
အရေးယူမည်ဖြစ်သည်။ ဒီတော့
Crytocurrency ငွေလေးရအောင်
စာရေး ပိုစ့်တင်နေသူ ကျွန်တော်တို့အတွက်
နောက်ဆံတင်းရပါသည်။ လက်တွန့်ရပါသည်။
တုန့်နှေးရပါသည်။ မိမိ၏ စိတ်ကူးအတွေးများကို
ရေးသား၍ Crytocurrency ငွေစလေးများ
ရရှိအောင် အနည်းငယ်ဆီ စုဆောင်ခဲ့ရသည်။

fc1aac4fd1d24c1dab07b37d670e4ca6.jpg

အဆိုပါငွေစလေးများ၏ အသီးအပွင့်၊
အတိုးအလျှော့များကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်
ကြည်နူးပီတိဖြစ်ခဲ့ရသည်။ Crytocurrency
ဆိုသည်က ကျွန်တော်သိရသလောက်
အာမခံချက်တော့မရှိပေ။ လောဘသားများ
အတွက် စားကျက်ရှာဖွေရန်နှင့် ငွေမဲ
များကို ငွေဖြူဖြစ်စေရန်လည်း ဖန်တီး
နိုင်သည့်‌နေရာလည်းဖြစ်သည်ဟု သိရသည်။
ဒါ ကျွန်တော် သိရသလောက်ပါ။
မသိတာတွေလည်း အများကြီးရှိပါအုံးမည်။

မည်သို့ပင်ဆိုစေ အဆိုးရှိသလို အကောင်း
ရှိနိုင်သည်။ ကျွန်တော်တို့သည် စာရေးသား၍
Crytocurrency များ ရသလောက် စုနေပါ
အုံးမည်။ တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ရဲ့
Crytocurrency သည် ရောင်နီသန်း
လာနိုင်ပါစေဟု ဆုတောင်းရင်း။ ဇူကာရဲ့
လီဘရာ ပေါ်လာမည့်အချိန်က ကျွန်တော်တို့
အတွက် အခွင့်အရေး၊ Crytocurrency
တစ်ခေတ်ဆန်းမည့် အချိန်လို့သာ
ထင်ပါတော့သည်။

htwegyi@htwegyi

Crytocurrency တစ်ခေတ်ဆန်းမည့် အချိန် | Ecency