အနီရောင် ဖြာထွက်ခြင်း

Words
57
Reading
1 min
Listen
Play
6y

image

"ဆူဆူညံနဲ့ ဘာသံတွေလဲ"

"တိုက်တန်းရှေ့မှာ လူတွေများလှပါလား"

"ဘာဖြစ်နေတာလဲ"

"ဒီနေ့ 8ရက်နေ့လေ၊ NLD က အလံတွေ၊ စတစ်ကာတွေ ဝေပေးနေတာ"

img_0.1688734011305046.jpg

ဟုတ်ပေသည် ယနေ့ ပါတီများ စတင်၍
မဲဆွယ်စည်းရုံးဖို့ စတင်ကြသည်။
ကျွန်တော်လည်း စာရေးပိုစ့်တင်ဖို့
ကုန်ကြမ်းရမလားဆိုပြီး မက်စ်လေး
ကောက်တပ်ကာ တိုက်တန်းရှေ့
ထွက်ကြည့်မိသည်။ အား ပါး
တရုန်းရုန်းဖြင့် 77လမ်းမပေါ် လူတို့ ကားတို့
စည်ကားနေသည်။

NLD ပါတီက အလံ၊ စတစ်ကာများကို
သုံးဘီးကားများအား ဝေငှ‌ပေးနေသည်။
သုံးဘီးကားတန်းက ယာဉ်ကြောပိတ်ထား
သလိုဖြစ်၍ ကားလမ်းမထက် ကားများနှင့်
ကြည့်သူ လူတို့ဖြင့် ပြည့်နေသည်။

img_0.5549501282153004.jpg

ကျွန်တော်လည်း ဖုန်းဖြင့်ဓာတ်ပုံရိုက်ပြီး
လူအုပ်ကြားမှ အသာလစ်ထွက်ခဲ့ရသည်။
မန္တလေးမြို့ ကားနှင့်ဆိုင်ကယ် အချို့၏
အနီရောင်များ ဖြာထွက်ခဲ့မှုကို
မှတ်တမ်းတင်ခဲ့ရပါသည်။

img_0.7725014237419872.jpg

img_0.7830495536244972.jpg

img_0.46400355152460077.jpg

htwegyi@htwegyi

အနီရောင် ဖြာထွက်ခြင်း | Ecency